Connect with us

Europe

မြူးနစ်မြို့မြေအောက်ရထားဘူတာတွင် ပစ်ခတ်မှုဖြစ်ပွား၊ အများအပြားဒဏ်ရာရ


ဘာလင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့မြေအောက်ရထားဘူတာရုံတွင် ဇွန်လ ၁၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ရဲအရာရှိတစ်ဦးအပါအဝင် လူအများအပြား ဒဏ်ရာရခဲ့ကြောင်း မြူးနစ်ရဲတပ်ဖွဲ့ကဆိုသည်။

ပစ်ခတ်မှုအတွက် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ၊ အဆိုပါပစ်ခတ်မှုသည် Unterfoehring ရထားဘူတာရုံ၏ စင်ြင်္ကန်အမှတ် ၈ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြူးနစ်ရဲတပ်ဖွဲ့၏ အင်တာနက်စာမျက်နှာပေါ်၌ နောက်ဆုံးတင်ထားသော သတင်းများအရ သိရသည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သော ဂျာမနီနိုင်ငံ မြူးနစ်မြို ့မြေအောက်ဘူတာရုံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

အခင်းဖြစ်ပွားရာ မြေအောက်ရထားဘူတာရုံကို လုံခြုံရေးဆောင်ရွက်ထားပြီး ပစ်ခတ်မှုဖြစ်ပွားသော စြင်္ကန်ကို ယာယီပိတ်ထားကြောင်း နှင့် ဘူတာပတ်ပတ်လည်တွင် လုံခြုံရေး အစောင့်အကြပ်များ ချထားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဟုတ်မဟုတ် ဖြစ်သည်ကိုမူ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.