Connect with us

Europe

သြစတြီးယားနိုင်ငံ နိုင်ငံခြားဧည့်သည်များလာရောက်သည့် ကျေးရွာအနီး တောမီးဆက်လက်လောင်ကျွမ်း

တောမီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

သြစတြီးယားနိုင်ငံတွင် ခရီးသွားဧည့်သည်များ လာရောက်ရာနေရာနှင့် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် တစ်ခုဖြစ်သော Hallstatt ကျေးရွာအနီး တောမီးလောင်ကျွမ်းမှုဖြစ်ပွားပြီး မီးအပူရှိန်ကြောင့် နေအိမ်များ ရွှေ့ပြောင်းခဲ့ရပြီး မီးသတ်သမားများ မီးငြှိမ်းသတ်ရ ခက်ခဲနေကြောင်း သိရသည်။

Echernwand တောင်တက်လမ်းကြောင်းတွင် အနားယူသည့် နေရာအနီး၌ သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းက စတင်မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် မီးထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြခဲ့သည်။

မီးလောင်ကျွမ်းခဲ့သည့် တောင်ထူထပ်သောနယ်မြေဝန်းကျင်ရှိ သစ်တောနှင့် မြက်ခင်းအခြောက်များက ရာသီဥတု ပူပြင်းမှုကြောင့် မီးလောင်ကျွမ်းရန် လောင်စာပံ့ပို့ပေးသလိုဖြစ်သွားကြောင်း သိရသည်။

Salzkammergut ဒေသဝန်းကျင်မှ စေတနာ့ဝန်ထမ်း ၁၀၀ ခန့်အပါအဝင် မီးသတ်သမားများက ရဟတ်ယာဉ် ငါးစင်းက အနီးဝင်ကျင်ရှိ Hallstatt ရေကန်မှ ရေများကို သယ်ပို့ပေးကာ ကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

ကြိုတင်ကာကွယ်သည့်အနေဖြင့် အပူရှိန်ကြောင့် ကျောက်တုံးမျာ လိမ့်ဆင်းလာကာ ဒေသခံများအား အန္တရာယ်ဖြစ်စေနိုင်ခြင်းကို တောင်ကြားဒေသတွင် နေအိမ်များ ရွှေ့ပြောင်းခဲ့ကြောင်း၊ ကျေးရွာများမှ နာမည်ကျော် ဆားသတ္တုတွင်းသို့သွားရောက်သည့် ကေဘယ်ကားကိုလည်း သွားလာမှုပိတ်လိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.