Connect with us

Europe

ရုရှား နိုင်ငံ လုံခြုံရေး ဌာန က IS အဖွဲ့ဝင် အကြမ်းဖက်သမား ဟု သံသယ ရှိသူ များအား ဖမ်းဆီး

ရုရှား နိုင်ငံ အစိုးရ က နိုင်ငံအတွင်းရှိ အကြမ်းဖက် သမား ဟု သံသယ ရှိသူ အား ဖမ်းဆီး နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ လုံခြုံရေး ဌာန Krasnoyarsk နယ်စပ် ဒေသ ဌာနချုပ် က နယ်စပ်ဒေသ ရှိ Norilsk မြို့တွင် IS အစွန်းရောက် အဖွဲ့အစည်း အတွက် အဖွဲ့ဝင်များ စုဆောင်းနေသည် ဟု သံသယ ရှိသည့် အကြမ်းဖက် သမားများအား ဖမ်းဆီး နိုင်ခဲ့ကြောင်း သြဂုတ်လ ၂၂ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံပိုင် သတင်းဌာန ၏ သြဂုတ်လ ၂၂ ရက် ဖော်ပြချက်အရ ရုရှား နိုင်ငံ လုံခြုံရေး ဌာန အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့နှင့် ပူးပေါင်းကာ အကြမ်းဖက်သမားများအား ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်းတို့အနေဖြင့် IS ၏ အစွန်းရောက် ဝါဒ များအား ဖြန့်ဝေနေကြပြီး ဒေသတွင်းရှိ ပြည်သူလူထု များအား စစ်ဖြစ်ပွား နေသည့် ဒေသ များသို့ သွားရောက်၍ IS အစွန်းရောက် အဖွဲ့အစည်း နှင့် ပူးပေါင်းရန် လှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ လုံခြုံရေး ဝန်ထမ်းများက ဖမ်းဆီးမှု ဆောင်ရွက်ရာတွင် သံသယ ရှိသူ များအသုံးပြု ခဲ့သည့် ဆက်သွယ်ရေး ကိရိယာများ ၊ အစွန်းရောက် ဝါဒ ဖြန့်ဝေ ရာတွင် အသုံးပြုခဲ့သည့် စာရွက်စာတမ်း များနှင့် IS အစွန်းရောက် အဖွဲ့အစည်း သို့ ငွေကြေး ထောက်ပံ့မှု ဆောင်ရွက်ခဲ့သည့် ဘဏ်ကဒ်များကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ တွင် ရုရှား နိုင်ငံ က ဆီးရီးယား နိုင်ငံ အစိုးရ ၏ ဖိတ်ခေါ်မှု အရ ဆီးရီးယား နိုင်ငံ အတွင်းရှိ အစွန်းရောက်ဝါဒ များအား ချေမှုန်းရန် အတွက် စစ်ရေးဆောင်ရွက်မှု များ စတင်ပြုလုပ် ခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဆီးရီးယား နိုင်ငံ အတွင်းရှိ မြို့များ နှင့် ပြည်သူလူထု များ နေထိုင်သည့် ဒေသ အားလုံး အကြမ်းဖက် အဖွဲ့အစည်း ၏ ထိန်းချုပ်မှု အောက် မှ လွတ်မြောက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.