Connect with us

Europe

ဥရောပတိုက်တွင် ဝက်သက်ရောဂါ ဖြစ်ပွားမှုတိုးပွားလာသောကြောင့် လူ ၃၇ ဦး သေဆုံး

ဝက်သက်ရောဂါဖြစ်နေသည့် ကလေးငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘရပ်ဆဲလ်၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တွင် ဥရောပဒေသ၌ ဝက်သက်ရောဂါ ကူးစက်သူ ၄၁,၀၀၀ ကျော် ရှိရာ ၎င်းမှာ ၂၀၁၀ ခုနှစ်ကတည်းကဆိုရလျှင် အမြင့်ဆုံးစံချိန်ဖြစ်ပြီး အနည်းဆုံး သေဆုံးသူ ၃၇ ဦး ရှိပြီ ဖြစ်ကြောင်း ဥရောပဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုရက်ပိုင်းများတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဥရောပဒေသများတွင် ၂၀၁၆ ခုနှစ်သည် ၂၀၁၀ခုနှစ်မှစ၍ ဝက်သက်ဖြစ်ပွားမှု အနည်းဆုံးဖြစ်ပြီး ဝက်သက်ဖြစ်ပွားသူ ၅၀၀၀ ကျော် ရှိကြောင်း ၊ ၂၀၁၇ ခုနှစ်တွင် ၂၀၁၆ ခုနှစ်ထက် သုံးဆတိုးလာပြီး ၂၄,၀၀၀ နီးပါးရှိကြောင်း ၊ ၂၀၁၈ ခုနှစ်၏ပထမနှစ်ဝက်တွင်ပ ဝက်သက်ရောဂါ ကူးစက်သူ ဦးရေမှာ ၂၀၁၇ ခုနှစ်ကထက် နှစ်ဆ နီပါး တိုးလာခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားပါသည်။

ယခုနှစ် ဝက်သက်ရောဂါဖြစ်ပွားသူ ၄၁,၀၀၀ ကျော်တွင် ၂၃,၀၀၀ ခန့်က ယူကရိန်းမှဖြစ်ပြီး ပြင်သစ်၊ ဂျော်ဂျီယာ၊ဂရိ၊အီတလီ၊ရုရှားနှင့်ဆားဘီးယားနိုင်ငံများတွင် ရောဂါဖြစ်ပွားသူ ၁,၀၀၀ ကျော်စီရှိ ကြောင်း ၊ လက်ရှိ အချိန်အထိ ဥရောပတွင် ဝက်သက်ကြောင့် သေဆုံးသူ ၃၇ ဦးရှိရာ ၎င်းတို့အနက် ဆားဘီးယားနိုင်တွင် အများဆုံးဖြစ်ပြီး သေဆုံးသူ ၁၄ ဦး အထိ ရှိကြောင်း သိရသည်။

ဝက်သက်ရောဂါသည် ကူးစက်လွယ်သည့်ရောဂါတစ်မျိုးဖြစ်ရာ ရောဂါကြိုတင်ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးရမည်ဖြစ်ကြောင်း၊ ဝက်သက်ကာကွယ်ဆေးမှာ လုံခြုံမှုမရှိကြောင်း၊ အော်တစ်ဇင် ( Autism)ရောဂါဖြစ်စေနိုင်ကြောင်း ဆိုသည်တို့မှာ အခြေအမြစ် မရှိဟု ပညာရှင်များက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.