Connect with us

Europe

အကြမ်းဖက်ခံရမည့် အချက်အလက် မျှဝေခဲ့သဖြင့် စီအိုင်အေအား ကျေးဇူးတင်ကြောင်း ပူတင်က ထရမ့်အား ပြောကြား

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့အား အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းမှုများအကြောင်း စီအိုင်အေ (CIA) က ပေးပို့ခဲ့သည့် သတင်းအချက်အလက်အတွက် ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်မှ ဒီဇင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော စိန့်ပီတာဘာ့ခ်မြို့ရှိ နာမည်ကျော် ကက်ဇန်ဘုရားရှိခိုးကျောင်းအား ဗုံးဖောက်ခွဲရန် ကြံစည်နေသူ အိုင်အက်စ် ထောက်ခံသူ ၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရုရှား ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၁၅ ရက်တွင် ပြောသည်။

“စီအိုင်အေက ပေးပို့တဲ့ အချက်အလက်တွေက သံသယရှိသူတွေကို ရှာဖွေဖို့နဲ့ ထိန်းသိမ်းဖို့ လုံလောက်ပါတယ်” ဟု ကရင်မလင်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံနှင့် နိုင်ငံသားများအား ဆန့်ကျင်သော အကြမ်းဖက် ခြိမ်းခြောက်မှုများအား အလေးထားသောအားဖြင့် ရရှိလာသည့်အပေါ် သတင်းအချက်အလက် ရုရှားအထူးတပ်ဖွဲ့က ချက်ချင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ထရမ့်အား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုလို တယ်လီဖုန်းဖြင့် ပြောဆိုခြင်းသည် ပူတင်နှင့် ထရမ့်အကြား တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သမ္မတများသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင်ရာ လတ်တလော ကိစ္စရပ်များနှင့် ကိုရီးယားကျွန်းဆွယ်အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.