Connect with us

Europe

ရုရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် တရားဝင်ခွင့်ပြု

ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲ ကျင်းပရန် ကြေညာနေသော လက်ရှိ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား ဒီဇင်ဘာလ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် တရားဝင် ခွင့်ပြုလိုက်ပြီဟူသော ဆုံးဖြတ်ချက်အား ကိုးကား၍ အစိုးရ သတင်းစာ Rossiyskaya Gazeta က ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ဝေခဲ့သည်။

ရုရှားနိုင်ငံ ဖက်ဒရေးရှင်းကောင်စီ သို့မဟုတ် အထက်လွှတ်တော်က ထုတ်ပြန်သည့် အဆိုပါ ဆုံးဖြတ်ချက်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်အား တရားဝင် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတလောင်းများမှာ လက်ရှိ သမ္မတ ဗလာဒီမာပူတင် အပါအဝင် ၂၃ ဦးရှိကြောင်း CEC ဥက္ကဋ္ဌ Ella Pamfilova က ပြောသည်။

တစ်သီးပုဂ္ဂလ သမ္မတလောင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်မီ အနည်းဆုံး မဲဆန္ဒရှင် သုံးသိန်း၏ သဘောတူကြောင်းလက်မှတ် စုဆောင်းထားနိုင်ရမည် ဖြစ်သည်။

အကယ်၍ သမ္မတလောင်း တစ်ဦးသည် နိုင်ငံရေးပါတီ တစ်ခုခု၏ မူဘောင်အောက်မှ ဝင်ရောက်ယှဉ်ပြိုင်လိုပါက ယင်း ပါတီသည် သမ္မတလောင်း၏ ကိုယ်စား ထောက်ခံလက်မှတ် တစ်သိန်းထက်မနည်း စုဆောင်းထားနိုင်ရမည် ဖြစ်သည်။

ရုရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ရုရှား ဖက်ဒရေးရှင်းကောင်စီက ဒီဇင်ဘာလ ၁၅ ရက်တွင် တရားဝင်ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.