Connect with us

Europe

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာ ဒဏ်ရာရ

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း Merseyside နယ်မြေတွင် ပေါက်ကွဲမှုကြောင့် ပြိုကျခဲ့သည့် အဆောက်အဦအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း Merseyside နယ်မြေရှိ Wirral ကျွန်းဆွယ်တွင် ဓာတ်ငွေ့ ပေါက်ကွဲသည်ဟု ယူဆရသော ပေါက်ကွဲမှု တစ်ခုကြောင့် အဆောက်အဦ တစ်ခုပြိုကျခဲ့ရာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီများက မတ်လ ၂၅ ရက်က သတင်းတင်ပြထားသည်။

Sky သတင်းဋ္ဌာန၏ ရုပ်သံ ရိုက်ကူးပြသချက်အရ အဆိုပါ နေရာရှိ အပျက်အစီးများအကြား လူအများ စုဝေးနေသည့်အတွက် သတိပေးချက်သံများ ဆူညံနေကြောင်း၊ မျက်မြင် သက်သေ တစ်ဦးဖြစ်သော Paul Butler ကလည်း “အဆောက်အဦ တစ်ခုလုံး ကြောက်မက်ဖွယ် ပျက်စီးသွားပြီ” ဟူ၍ ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။

ထို့ပြင် တံတား တစ်စင်းလည်း ပျက်စီးမည့် အလားအလာရှိနေသည့်အတွက် New Ferry ဧရိယာတွင် ရထား ခရီးစဉ်များ ရပ်ဆိုင်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.