Connect with us

Europe

ရုရှား ရဟတ်ယာဉ်များ ဒုတိယအသုတ်အဖြစ် ထိုင်း စစ်တပ် ဝယ်ယူ

Mil Mi-17 ရဟတ်ယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံမှ ရဟတ်ယာဉ်များ ဒုတိယ အသုတ်အနေဖြင့် ထိုင်းနိုင်ငံက ဝယ်ယူသွားမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ယနေ့ (မတ်လ ၂၆ ရက်) က ပြောကြားခဲ့သည်။

ထိုင်း စစ်တပ်က ပထမအသုတ်အနေဖြင့် ပြီးခဲ့သည့်နှစ်က Mil Mi-17 ရဟတ်ယာဉ် ဆယ်စင်း ဝယ်ယူခဲ့ပြီး ဖြစ်ပြီး ယခု ဒုတိယ အသုတ်အဖြစ် ငါးစင်း ထပ်မံ ဝယ်ယူခြင်းဖြစ်ကြောင်း အမည် မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။

ရုရှားနိုင်ငံထုတ် ရဟတ်ယာဉ်များမှာ မီးငြှိမ်းသတ်ခြင်းနှင့် သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ရည်ရွယ်ကာ ဝယ်ယူခြင်း ဖြစ်ပြီး ဘန်ကောက်မြို့မှ ၁၅၀ ကီလိုမီတာ ကွာဝေးသော Lopburi ပြည်နယ်ရှိ စစ်တပ် လေကြောင်း စင်တာတွင် အခြေစိုက် ထားရှိမည် ဖြစ်သည်။

Mil Mi-17 ရဟတ်ယာဉ်သည် အမေရိကန် စစ်တပ်ထုတ် CH-47 Chinook ရဟတ်ယာဉ်များအား ပုံပြောင်းကာ ပြုလုပ်ထားခြင်း ဖြစ်ပြီး တစ်စင်းလျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၈.၆ သန်း ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

ထိုင်း စစ်တပ် အဆင့်မြင့် အရာရှိကြီးများသည် အခြား အာဆီယံ နိုင်ငံမှ အရာရှိကြီးများနှင့်အတူ မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ကျွန်းစုတွင် ပြုလုပ်သော Langkawi အပြည်ပြည်ဆိုင်ရာ ရေကြောင်းနှင့် လေကြောင်း နည်းပညာ ၂၀၁၇ သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းပြပွဲ၌ Sukhoi တိုက်ခိုက်ရေး ဂျက်လေယာဉ်မှ Yak-130 ဂျက် ထရိန်နာများနှင့် လေကြောင်း ကာကွယ်ရေး စနစ်များ အစရှိသဖြင့် ရုရှား စစ်တပ် လေယာဉ် အမျိုးမျိုးအား ပြသခဲ့ရာ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.