Connect with us

Europe

အမေရိကန်၊ရုရှား နှစ်နိုင်ငံ သမ္မတက ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုမှာ အပြုသဘောဆောင်သည်ဟု ဆို

ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဟယ်လ်စင်ကီ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ပထမအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်က ဖင်လန်နိုင်ငံ၏ မြို့တော်ဟယ်လ်စင်ကီတွင် ကျင်းပခဲ့သည်။ ထိုတွေ့ဆုံမှုနှင့်စပ်လျဉ်းပြီး နှစ်ဖက်စလုံးက အပြုသဘောဆောင်ကြောင်း ၊ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် ဖင်လန်နိုင်ငံသမ္မတအိမ်တော်တွင် နာရီအနည်းငယ်ကြာ တံခါးပိတ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲပြီးနောက် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့် က ၎င်းနှင့်ပူတင်သည် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်နှောင့်ယှက် ခဲ့သည်ဟု သံသယရှိနေသည့်ကိစ္စ၊ မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာ ၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ အီရန်၊ ဆီးရီးယား အခြေအနေစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ၊ တွေ့ဆုံဆွေးနွေးမှုမှာအပြုသဘောဆောင်ကြောင်း၊ အဆိုပါကိစ္စများနှင့်စပ်လျဉ်း ပြီး ဆက်လက်ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ၊ ယနေ့တွေ့ဆုံမှုသည် နောက်လျှောက်လှမ်း ရမည့် ခရီးရှည်၏အစသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤတစ်ကြိမ်တွေ့ဆုံမှုကို ကျေနပ်အားရကြောင်း ၊ တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်တည်းဖြင့် နှစ်နိုင်ငံအကြားတည်ရှိနေသည့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်မဟုတ်သော်လည်း မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းသည့် ပထမခြေလှမ်းဖြစ်ကြောင်း ရုရှား သမ္မတ ပူတင် က ဆိုသည်။ ဆက်လက်၍ ၎င်းက ထရမ့်နှင့်တွေ့ဆုံဆွေးနွေးမှုသည် ပွင့်ပွင့်လင်းလင်းရှိပြီး အောင်မြင်၊အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း ၊ နှစ်နိုင်ငံ နျူကလီးယားထိန်းချုပ်ရေးနှင့် ကုန်သွယ်ရင်းနှီးမြုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်နှောင့်ယှက်ခဲ့သည်ဟူသော ပြဿနာနှင့်စပ်လျဉ်း၍ ရုရှားသမ္မတ ပူတင်က ရုရှားသည် အမေရိကန်ပြည်တွင်းရေးကို မည်သည့် အခါမျှ ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းမရှိကြောင်း၊ ထိုကိစ္စကို တာဝန်ယူစုံစမ်းစစ်ဆေးနေသည့် အမေရိကန် အစိုးရ အထူးရှေ့နေကလည်း နှစ်နိုင်ငံ ပြစ်မှုဆိုင်ရာအပြန်အလှန်ဆက်သွယ်ကူညီရေး သဘောတူညီချက်အရ ရုရှားကို တရားစီရင်ရေးဆိုင်ရာအကူအညီ တောင်းခံနိုင်ကြောင်း၊ ရုရှား အနေဖြင့် သံသယရှိသူများကို စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာ အချက်အလက်များကို အမေရိကန်သို့ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်အာဏာရပြီးသည့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အမေရိကန်နှင့်ရုရှားအကြားတွင် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်နှောက်ယှက်သည်ဟု စွပ်စွဲခြင်း၊ ယခင်ရုရှားသူလျှိုဟောင်း ဗြိတိန်တွင် အဆိပ်မိခြင်း၊ နှစ်နိုင်ငံသံတမန်များကို အပြန်အလှန်ပြည်နှင်ဒဏ်ပေးခြင်း စသည့် ကိစ္စရပ်များကြောင့် ဆက်ဆံရေးများတင်းမာခဲ့ရာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ရုရှားလုပ်ငန်းရှင်နှင့် အဖွဲ့အစည်းအချို့ကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။သို့သော်လည်း ထရမ့်က အမေရိကန်နှင့်ရုရှား ဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ဆောင်သွားလိုသည်ဟု ပြောဆိုမှုများရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.