Connect with us

Europe

ရုရှားနိုင်ငံ က ၂၀၂၈ခုနှစ် မတိုင်မီ ဂြိုဟ်တု အလုံး ၆၄၀ လွှတ်တင်သွားမည်ဟု ပူတင်ပြောကြား

ရုရှားနိုင်ငံ က ယခင်လွှတ်တင်ခဲ့သည့် ဂြိုဟ်တုတစ်လုံးအားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံသည် လာမည့် နှစ်အနည်းငယ်အတွင်း အစီအစဉ်သစ်ဖြစ်သော “Sphere” မူဘောင်အတွင်း ဂြိုဟ်တု အလုံးရေ ၆၄၀လုံးကို လွှတ်တင်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ဂြိုဟ်တုများကို ၂၀၂၂ခုနှစ်၊ ၂၀၂၄ခုနှစ် နှင့် ၂၀၂၈ခုနှစ်တို့ မတိုင်မီ အဆင့်အလိုက် လွှတ်တင်သွားမည်ဖြစ်ကြောင်း သမ္မတပူတင် က အာကာသလုပ်ငန်းစဉ်များဆိုင်ရာ ရုရှားနိုင်ငံ Roscosmos ပြည်နယ် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်အရသိရသည်။

ပူတင် က ဂြိုဟ်တုသစ်များအား တည်နေရာရှာဖွေခြင်း၊ ဆက်သွယ်ရေး နှင့် ကမ္ဘာမြေစူးစမ်းလေ့လာမှု နယ်ပယ်များတွင် အကျိုးရှိစွာ အသုံးပြုသင့်ကြောင်းပြောကြားခဲ့သည်။

၎င်းက ပြည်တွင်းစီးပွားရေးလုပ်ငန်းများ နှင့် ပြည်ပမှ စီးပွားရေးမိတ်ဖက်များ က အဆိုပါ စီမံကိန်းအပေါ် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့၍ စီမံကိန်းပြီးမြောက်အောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ က အခြားသော အဓိကကျသည့် စီမံကိန်းများကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် အရေးကြီးကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ယင်းစီမံကိန်းများ၌ ၂၀၂၁ခုနှစ်တွင် စတင်လွှတ်တင်မည့် Angara ဒုံးပျံများ၊ ၂၀၂၂ခုနှစ် အစပိုင်းတွင် စမ်းသပ်ပျံသန်းမည့် Soyuz-5 ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံများ၊ ၂၀၂၈ခုနှစ်တွင် လွှတ်တင်မည့် အနိမ့်ပိုင်း ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်း တန်ချိန် ၅၀ကျော် မတင်နိုင်သည့် ဒုံးပျံကြီးများ လွှတ်တင်မှုတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.