Connect with us

Europe

အီတလီတွင် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၃၇ ဦးအထိ ရှိလာ

အီတလီတွင် ငလျင်ကြောင့် ပျက်စီးမှုမျာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရောမ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးခဲ့သူ အရေအတွက်သည် ၃၇ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက သြဂုတ်လ ၂၄ ရက်က ပြောကြားလိုက်သည်။

Rieti ပြည်နယ်တွင် နံနက် ၃း၃၆ နာရီက Rieti မြို့အနီး၌ အနက် ၄.၂ ကီလိုမီတာတွင် ဗဟိုပြုကာ ပြင်းအား ၆.၂ အင်အားရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း အမျိုးသား မီးတောင်နှင့် ငလျင်တိုင်းတာရေး တက္ကသိုလ် အရ သိရ သည်။
နောက်ဆက်တွဲ ငလျင်များစွာလည်း လှုပ်ခတ်ခဲ့ကြောင်း အဆိုပါ တက္ကသိုလ်က ပြောကြားခဲ့သည်။
ယင်း ငလျင်ကြောင့် Rieti ပြည်နယ်၏ မြို့ငယ် နှစ်မြိုကဖြစ်သည့် Amatrice နှင့် Accumuli မြို့များက အဆိုးဝါး ဆုံး ထိခိုက်ခဲ့ကြောင်း Amatrice မြို့တော်ဝန် Sergio Pirozzi က ပြောကြားခဲ့ပြီး မြို့ရဲ့ နေရာ အများစု ပျက်စီး သွားခဲ့သည်ဟု ဆိုသည်။
ကယ်ဆယ်ရေး အဖွဲ့များနှင့် မြို့သူမြို့သားများလည်း နံနက် အစောပိုင်းကတည်းက ကယ်ဆယ်ရေး လုပ်ငန်း များ လုပ်ကိုင်နေခဲ့ကြောင်း၊ အပျက်အစီးများအကြား ပိတ်မိနေသူများ၏ အသံကြားရသည့်အတိုင်း အသက်ရှင် သူများအား ကယ်ဆယ်ရန် အုတ်အကျိုးအပဲ့များအား တူးဆွခြင်းများ လုပ်ဆောင်နေကြောင်း Ansa သတင်း အေဂျင်စီက တင်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.