Connect with us

Europe

အီတလီ အလယ်ပိုင်းတွင် ၆.၁ ပြင်းအားရှိ ငလျင် လှုပ်ခတ်၊ ၆ ဦး သေဆုံး

ငလျင် လှုပ်ခတ်ခဲ့သည့် နေရာပြ မြေပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ယနေ့ နံနက် အစောပိုင်းက အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၁ ပမာဏရှိ အင်အား ပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး လူအများအပြားလည်း ပြိုကျနေသည့် အဆောက်အအုံ များ အကြား ပိတ်မိနေခဲ့ကြောင်း သိရသည်။

သေဆုံးသူများတွင် Norcia မြို့အနီး ငလျင်ဗဟိုချက်၏ အရှေ့ဘက်ရှိ Marche ဒေသ Pescara del Tronto မြို့က နေအိမ်ပြိုကျမှုကြောင့် အသက်အရွယ်ကြီးရင့်သည့် ဇနီးမောင်နှံ နှစ်ဦး သေဆုံးကြောင်း အမျိုးသား အသံ လွှင့်ဋ္ဌာန RAI က သတင်းတင်ပြထားသည်။
Accumoli မြို့တွင်လည်း အဆောက်အအုံ ပျက်စီးမှုများအကြား သေဆုံးနေသူ ၄ ဦးရှိကြောင်း မြို့တော်ဝန် စတီဖန်နို ပက်ထရူစီက ပြောသည်။
အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၃း၃၆ နာရီ၌ Rieti မြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး ငလျင် တုန်ခါမှုကို ကီလိုမီတာ ၁၇၀ ခန့် ဝေးသည့် ရောမမြို့တော်ကပင် ခံစားခဲ့ရကြောင်း အီတလီ ဘူမိရူပဗေဒနှင့် ရာဘာ အမျိုးသား တက္ကသိုလ်၏ အစီရင်ခံစာအရ သိရသည်။
တောင်ထူထပ်သည့် အီတလီနိုင်ငံ အလယ်ပိုင်းက ငလျင်ဒဏ် ဆိုးဝါးစွာ ထိခိုက်ခဲ့သည့် Amatrice မြို့တွင် အ ဆောက်အဦပျက်များအကြား သေဆုံးသူ နှစ်ဦးရှိကြောင်း အီတလီ မီဒီယာများက သတင်း တင်ပြထားသည်။
“မြို့ရဲ့ အဝင် အထွက်လမ်းတွေကို ပိတ်ထားတယ်၊ မြို့ထက်ဝက်လောက်က ပျက်စီးသွားတယ်၊ အုတ်အကျိုး အပဲ့တွေကြား ပိတ်မိနေတဲ့လူတွေလဲ ရှိနေသေးတယ်၊ မြေပြိုကျမှုနဲ့ တံတားပြိုကျမှုတွေလဲ ဖြစ်နိုင်သေးတယ်” ဟု Amatrice မြို့တော်ဝန် ဆာဂျီယို ပီရော့ဇီက ပြောသည်။
ပြင်းအား ၅.၅ အင်အားရှိ နောက်ဆက် တွဲ ငလျင်များလည်း ယနေ့ နံနက် အစောပိုင်းက အနီးရှိ ရွာများနှင့် မြို့ များသို့ ဆက်လက် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်ကလည်း ပြင်းအား ၆.၃ အင်အားရှိ ငလျင် တစ်ခု အီတလီနိုင်ငံ အလယ်ပိုင်း L’Aquila တွင် လှုပ် ခတ်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.