Connect with us

Europe

အီတလီ ယာဉ်သွားလမ်းတံတားကျိုးကျမှုတွင် ပြင်သစ်နိုင်ငံသား ၄ ဦး သေဆုံး

ကျိုးကျပျက်စီးသွားသည့် တံတားကြီးအားတွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ မြောက်ပိုင်း Genoa ဒေသရှိ Morandi တံတားကျိုးကျမှုတွင် သေဆုံးသူ ပြင်သစ် နိုင်ငံသား ၄ ဦး ရှိသည်ဟု ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်တွင် အတည်ပြု ခဲ့ကြောင်းသိရသည်။

သြဂုတ် ၁၄ ရက်တွင် လမ်းတံတားကျိုးကျမှုဖြစ်ပွားပြီးနောက် ပြင်သစ် သမ္မတ အိမ်တော်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနက အီတလီ၏ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီအားပေးလိုကြောင်းနှင့် သေဆုံးသူ များအတွက် ဝမ်းနည်းကြောင်း ဦးစွာ ပြောကြားခဲ့သည်။အချင်းဖြစ်ပွားမှုကြောင့် နောက်ထပ်သေဆုံးသူ ပြင်သစ်နိုင်ငံသားများရှိမရှိကို အချိန်မရွေး ဆက်သွယ် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ၂၄ နာရီ အရေးပေါ်စင်တာ ဖွင့်လှစ်ခဲ့ပါသည်။

လမ်းတံတားကျိုးကျပျက်စီးမှုတွင် သေဆုံးဒဏ်ရာရသူ ၃၉ ဦး အထိ မြင့်တက်လာပြီး လူ ၉ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း အီတလီအစိုးရက သြဂုတ်လ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။Morandi ယာဉ်သွားလမ်းတံတားကို ၁၉၆၀ ပြည့်လွန်နှစ်များတွင် တည်ဆောက်ခဲ့ပြီး တံတားအရှည် ၁၁၈၂ မီတာ၊ အကျယ် ၁၈ မီတာနှင့် အမြင့်ဆုံးနေရာမှာ မြေမျက်နှာပြင်အထက် ၉၀ မီတာ ရှိကြောင်း သိရသည်။ လမ်းတံတားကျိုးကျချိန်တွင် မော်တော်ယာဉ် အစီး ၃၀ ကျော် သွားနေကြောင်း ၊ တံတားတည်ဆောက်ပုံအနေအထားလိုအပ်မှုကြောင့် ကျိုးကျပျက်စီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံ မီဒီယာများက မြို့ပြကာကွယ်စောင့်ရှောက်ရေးဌာနနှင့် အရန်မီးသတ် ဌာန အရာရှိများ၏ ပြောကြားချက်များအရ ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.