Connect with us

Europe

အီးယူ မှ ဟန်ချက်ညီညီဖြင့်သာ ထွက်ခွာသွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ထရီဇာမေ အားတွေ့ ရစဉ်(ဆင်ဟွာ)

ကိုပင်ဟေဂင် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံသည် အီးယူမှ ထွက်ခွာသွားမည်ဖြစ်သော်လည်း အီးယူဆီသို့တစ်ဖန် ပြန်၍ ဦးလှည့်တော့မည်မဟုတ်ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေက အောက်တိုဘာလ ၁ဝ ရက်တွင်ပြောကြားလိုက်သည်။

ဥရောပနိုင်ငံများအပါအဝင် ဗြိတိန်နိုင်ငံ၏ အကျိုးစီးပွားအတွက် အီးယူမှ ထွက်ခွာခြင်းကို ဟန်ချက်ညီညီဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံသို့ပထမဆုံးအကြိမ် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒိန်းမတ်ဝန်ကြီးချုပ်Lars Loekke Rasmussen နှင့်တွေ့ဆုံစဉ် မေက ပြောကြားလိုက်ခြင်းဖြစ်သည်။

အီးယူမှ ဗြိတိန်နိုင်ငံထွက်ခွားခြင်းကို အလွန်ဝမ်းနည်းမိကြောင်း နှင့် ဒိန်းမတ်နှင့် ဗြိတိန်နိုင်ငံတို့အကြားတွင် ခိုင်မာသော ဆက်ဆံရေးများ ရှိကြောင်း Rasmussen ကဆိုသည်။

“ ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့လေးစားရပါမယ်” ဟု ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အီးယူမှ ဗြိတိန်နိုင်ငံထွက်ခွာရန် ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် အီးယူ နှင့် ဗြိတိန်အကြား ချစ်ခြင်းများစွာဖြင့် လမ်းခွဲခြင်း အဖြစ် လုပ်ဆောင်သွားမည်ဟု Rasmussen ကဆိုသည်။ အဆိုပါ ချစ်ခြင်းများစွာဖြင့် လမ်းခွဲခြင်း စကားလုံးသည် လာမည့် ဆွေးနွေးပွဲများအတွက် အစပြုမှတ်တစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

၂ဝ၁၇ ခုနှစ် ပထမလေးလပတ်အတွင်း လစ်ဘွန်းသဘောတူညီချက်၏ ပုဒ်မ ၅ဝ နှင့်ပတ်သက်၍ စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ထရီဇာမေက ပြီးခဲ့သော ရက်သတ္တပတ်က ကြေညာခဲ့သည်။ အဆိုပါဆွေးနွေးပွဲ အဓိပ္ပါယ်မှာ အီးယူမှ နှစ်နှစ်အတွင်း ဗြိတိန်နိုင်ငံထွက်ခွာသွားရေးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.