Connect with us

Europe

ဟာရီကိန်း မုန်တိုင်း မတ်သူးကြောင့် ပျက်စီးမှုများသည့်အတွက် ဟေတီ ရွေးကောက်ပွဲများ ရွှေ့ဆိုင်း

မတ်သူး ဟာရီကိန်းမုန်တိုင်းကြောင်း လူနေရပ်ကွက်အတွင်း ရေများဝင်ရောက်နေခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တို ဒိုမင်ဂို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံတွင် ဟာရီကိန်း မုန်တိုင်း မတ်သူး (Matthew) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့်အတွက် အောက်တိုဘာလ ၉ ရက်၌ ပြုလုပ်ရန်ရှိသည့် အထွေထွေ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်နယ်ဆိုင်ရာ ရွေးကောက်ပွဲ ကောင်စီ ဥက္ကဋ္ဌ လီယိုပိုးလ် ဘာလန်ဂါက အောက်တိုဘာလ ၅ ရက်က ကြေညာလိုက်သည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်အား လာမည့် ရက်ပိုင်းအတွင်း ဟေတီ သမ္မတအသစ်က ကြေညာပေးမည် ဖြစ်ကြောင်း ဘာလန်ဂါက အောက်တိုဘာလ ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဟေတီတွင် ရွေးကောက်ပွဲကောင်စီ၏ အဆောက်အအုံနေရာများကို စစ်ဆေးနေသည့်အပြင် အာဏာပိုင်များက ဟေတီ၏ အစိုးရဋ္ဌာန ၁၀ ခုမှ ရုံးများအတွင်း ရွေးကောက်ပွဲအတွက် ပစ္စည်းကိရိယာများ အခြေအနေကိုလည်း စစ်ဆေးလျက်ရှိသည်။

မတ်သူး ဟာရီကိန်းမုန်တိုင်း လေပြင်းကြောင့် နိုင်ငံ၏ တောင်ပိုင်း၊ အရှေ့တောင်ပိုင်း၊ Nippes နှင့် Gran Anse နေရာအတော်များများ၌ ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့ကြောင်း၊ အစောပိုင်း ထုတ်ပြန်ချက်များအရ ဟာရီကိန်းကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.