Connect with us

Europe

ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းထပ်တိုးမည့် မာရှီယာနို

ဘာကာခံစစ်မှူး မာရှီယာနို(နံပတ်-၁၄) က တစ်ဖက်အသင်းကစားသမားနှင့် ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ် ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်းသည် အာဂျင်တီးနားခံစစ်ကစားသမား ဂျေဗီယာ မာရှီယာနို၏အသင်းနှင့်စာချုပ် သက်တမ်းသစ်ကို အောက်တိုဘာလ ၁၇ ရက်တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်က အတည်ပြုပြောကြားလိုက်သည်။

အသက် ၃၂ နှစ် အရွယ်ရှိ မာရှီယာနို၏ ဘာစီလိုနာအသင်း နှင့် လက်ရှိချုပ်ဆိုထားသော စာချုပ်မှာ ၂ဝ၁၇ ခုနှစ် ဇွန်လတွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ နောက်ထပ် သက်တမ်း ၂ နှစ်တိုးမည့် စာချုပ်သစ်ကို ထပ်မံချုပ်ဆိုသွားရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း စာချုပ်သစ်အရ မာရှီယာနိုသည် ဘာစီလိုနာအသင်း၌ ၂ဝ၁၈ – ၂ဝ၁၉ ဘောလုံးရာသီအထိ ဆက်လက်ရှိနေအုံးမည်ဖြစ်သည်။

ယခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် မာရှီယာနိုသည် ဘာစီလိုနာအသင်းမှ ထွက်ခွာ၍ အီတလီနိုင်ငံရှိ ဂျူဗင်တပ်ကလပ်အသင်းသို့ပြောင်းရွှေ့ကစားရန် ဖြစ်နိုင်ခြေများနေရာမှ ယခုကဲ့သို့ဘာစီလိုနာအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာဂျင်တီးနားလက်ရွေးစင်ကစားသမားသည် ၂ဝ၁၀ ပြည့်နှစ် နွေရာသီတွင် လီဗာပူးအသင်းမှ ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် ၎င်းအတွက် ဘာစီလိုနာအသင်းနှင့် ဘောလုံးရာသီ ၇ ရာသီမြောက်ကစားခြင်းဖြစ်သည်။

မာရှီယာနိုသည် ဘာစီလိုနာအသင်း၌ ကွင်းလယ်လူအဖြစ် ပွဲထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဗဟိုခံစစ်မှူးအဖြစ် အထိုင်ကျခဲ့ပြီး အသင်းအတွက်စုစုပေါင်း ၂၈၉ ပွဲအထိ ပါဝင်ကစားထားကြောင်း သိရသည်။

ဘာစီလိုနာအသင်းနှင့်အတူ မာရှီယာနိုသည် စုစုပေါင်း ဆုဖလားပေါင်း ၁၇ လုံးထိပိုင်ဆိုင်ထားပြီး လက်ရှိတွင် ပထမပွဲထွက်စာရင်း၌ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားပေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.