Connect with us

Europe

၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ (ဆင်ဟွာ)

၂၆.၆.၂၀၁၈. စတုတ္ထပွဲ – ပွဲပြီးရလဒ်

အုပ်စု D

အာဂျင်တီးနား ၂ – ၁ နိုင်ဂျီးရီးယား (၁၄’,၈၆’) (၅၁’ပယ်နယ်တီ)

အုပ်စု D မှာ တစ်မှတ်သာရသေးတဲ့ နာမည်ကြီးအာဂျင်တီးနားဟာ ယခုပွဲ နိုင်မှနောက်တစ်ဆင့်တက်နိုင်မှာမို့ အသေအလဲကစားသွားပါတယ်။ကံကောင်းစွာနဲ့ ပွဲပြီးခါနီး ၈၆’ မှာရတဲ့အနိုင်ဂိုးနဲ့ သုံးပွဲကစား တစ်ပွဲနိုင်တစ်ပွဲသရေတစ်ပွဲရှုံး ၄ မှတ်နဲ့ အုပ်စုဒုတိယရကာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်သွားပါတယ်။အာဂျင်တီးနားက အုပ်စု C ပထမ ပြင်သစ်နဲ့ ဇွန်လ ၃၀ ရက်မှာ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲ ကစားမှာပါ။ နိုင်ဂျီးရီးယားကတော့ ကံမကောင်းလှစွာဘဲ ပွဲပြီးခါနီးအရှုံးဂိုးကြောင့် ၃ မှတ်ပဲရကာအိမ်ပြန်ရပါပြီ။ (Xinhua)