Europe
ဂရိ နိုင်ငံ မြို့တော် အနီးတွင် အင်အား ရစ်(ခ်)တာ စကေး ၄.၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

အေဒင် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ဂရိ နိုင်ငံ မြို့တော် အေဒင် အနီးတွင် ဇန်နဝါရီ ၁၅ ရက်နေ့ ညပိုင်းအချိန်၌ အင်အား ရစ်(ခ်)တာ စကေး ၄.၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ် ခဲ့ပြီး မြို့တော် အေဒင် တွင် ငလျင် လှုပ်ခတ်မှု ပြင်ထန်းစွာ ခံစားခဲ့ရာကာ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။
ဂရိ နိုင်ငံ မြေသားလှုပ်ရှားမှု သုတေသန ဌာန ၏ ထုတ်ပြန်ချက်တွင် ငလျင် သည် ဒေသစံတော်ချိန် ညပိုင်း ၁၀ နာရီ ၂၄ မိနစ် တွင် အေဒင် မြို့ အရှေ့မြောက်ဘက် ၂၄ ကီလိုမီတာ အကွာအဝေး ၌ လှုပ်ခတ် ခဲ့ခြင်း ဖြစ်ကာ မြေအောက် အနက် ၁၃.၉ ကီလိုမီတာ ကို ဗဟိုပြုလှုပ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။
ဂရိ နိုင်ငံ သည် ငလျင် မကြာခဏ ဖြစ်ပွား လေ့ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော အင်အား ရစ်(ခ်)တာ စကေး ၆.၀ ရှိသော ငလျင်ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။(Xinhua)