Connect with us

Europe

စပိန်နိုင်ငံတွင် နိုက်ကလပ်မျက်နှာကြက်ပြိုကျမှုကြောင့် လူ၂၆ဦးဒဏ်ရာရရှိ

မျက်နှာကြက် ပြိုကျမှုဖြစ်ပွားခဲ့သည့် မက်ဒရစ်မြို့ ရှိ “La Suegra” ဒစ္စကိုကလပ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ မြို့တော် မက်ဒရစ်မြို့၌ ဇန်နဝါရီ ၁၅ရက် နံနက်ပိုင်းအစောပိုင်းတွင် နိုက်ကလပ်တစ်ခု၏ မျက်နှာကြက် ပြိုကျမှုကြောင့် လူ ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဋ္ဌာနများကပြောကြားခဲ့သည်။

မက်ဒရစ်မြို့ တောင်ပိုင်း Carabanchel ခရိုင် ရှိ “La Suegra” ဒစ္စကိုကလပ် ၌ နံနက် ၁း၃၀နာရီတွင် ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုတိယထပ်မှ ၁၆စတုရန်းမီတာ ရှိသော မျက်နှာကြက်တစ်ခု အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၂၆ဦးအနက်မှ ၁၅ဦးအား အခင်းဖြစ်ပွားရာ၌ပင် ဆေးကုသမှုပေးခဲ့ပြီး ကျန် ၁၁ဦးအား နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း အရေးပေါ်ဋ္ဌာနကပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရန် အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များလည်းရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် နောက်ထပ် ပြိုကျမှုများ မဖြစ်ပေါ်လာစေရန် အဆောက်အအုံ၏ အပေါ်ထပ်ကို ချက်ချင်းပိတ်ပစ်ခဲ့ကြောင်း သိရသည်။

ယင်းမတော်တဆမှုအားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.