Europe
ဥရောပတွင် ဘရာဇီး အကောင်းဆုံးအဖြစ် နေမာကို ရွေးချယ်

ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်အတွက် ဥရောပ အခြေစိုက် ဘရာဇီး ဘောလုံးသမားဆု Samba de Ouro trophy အား နေမာ ရရှိသွားကြောင်း သိရသည်။
အဆိုပါ ဆုသည် နေမာအတွက် လေးနှစ်အတွင်း သုံးကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး လီဗာပူး ကစားသမား Philippe Coutinho နှင့် ရီးယဲမက်ဒရစ် ကစားသမား Marcelo တို့အား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းဆုအား သတင်းစာဆရာများ၊ ဘောလုံးသမားဟောင်းများနှင့် အင်တာနက် ပရိသတ်များက မဲပေး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မဲရလဒ်များ အနေဖြင့် နေမာက ၂၇.၇၁ ရာခိုင်နှုန်း၊ ယခင်နှစ် ဆုရှင် Coutinho က ၁၆.၆၄ ရာခိုင်နှုန်းနှင့် Marcelo က ၁၄.၄၃ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အပြင် ထိပ်တန်း ၁၀ ဦး စာရင်းဝင်များမှာ Paulinho, Casemiro, Gabriel Jesus, Willian, Malcom, David Luiz နှင့် Ederson တို့ ဖြစ်သည်။
နေမာသည် အောက်တိုဘာလက ပေးအပ်ခဲ့သည့် ၂၀၁၇ ဖီဖာ အကောင်းဆုံး ဘောလုံးသမားဆုကို ခရစ္စတီရာနို ရော်နယ်ဒိုက ဆွတ်ခူးခဲ့ပြီး ဒုတိယအဖြစ် လီယွန်နယ်မက်ဆီက ရရှိကာ နေမာက တတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။ (Xinhua)