Connect with us

Europe

မန်ချက်စတာတွင် ၁၂ ထပ်တိုက်ခန်းတွဲ မီးလောင်

မန်ချက်စတာမြို့ရှိ ၁၂ ထပ်တိုက်ခန်းတွဲ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မန်ချက်စတာစီးတီးစင်တာ မြောက်ပိုင်း ရပ်ကွက်ရှိ ၁၂ ထပ် တိုက်ခန်းတွဲ တစ်ခု ဒီဇင်ဘာလ ၃၀ ရက်က မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း ကြောင်း သိရသည်။

အဆိုပါ ဆေးရုံတင်လိုက်ရသူမှာ မီးခိုးမွှန်သွားခဲ့ခြင်း ဖြစ်ကြောင်း Sky သတင်းဋ္ဌာနက ဖော်ပြထားသည်။

မန်ချက်စတာ မီးသတ်ဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ်က အထပ် ၉ ထပ်နှင့် ၁၀ ထပ်မှ မီးစတင်လောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။

ထိုမှတစ်ဆင့် အခြားအထပ်များသို့ ကူးစက်သွားခဲ့ကြောင်း၊ယခုအချိန်၌ မီးထိန်းနိုင်ပြီ ဖြစ်ကြောင်း၊ ယင်း အဆောက်အအုံတွင် နေထိုင်သူများအား ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီဟု ယူဆရကြောင်း သတင်းများအရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ယင်းနေရာတဝိုက်ရှိ လမ်းအချို့ ပိတ်ထားခဲ့ကြောင်းနှင့် မီးလောင်ဧရိယာမှ ပြည်သူများ ရှောင်ရှားသွားကြရန် အကြောင်းကြားထားသည်။

ပြီးခဲ့သည့် ဇွန်လက လန်ဒန်၌ Grenfell Tower မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117