Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက ဒုတိယသက်တမ်းအတွက် သဘောထားအမြင် ထုတ်ပြန်

ကုလသမဂ္ဂ ၊ မေ ၁၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က ကမ္ဘာ့အကျပ်အတည်းများ နှင့် ပဋိပက္ခများအား ဖြေရှင်းရန် အတူတကွလုပ်ကိုင်ကြသည့် နိုင်ငံများအား ခိုင်မာသည့် ယုံကြည်ချက်ကို ဖော်ပြကာ ဒုတိယသက်တမ်းအတွက် အရွေးခံမည့် ၎င်း၏ ရည်ရွယ်ချက်ကို ကြေညာခဲ့ကြောင်း သိရသည်။ဒုတိယသက်တမ်းအတွက် အရွေးခံမည့် အန်တိုနီဂူတာရက်စ်အား မေ ၇ ရက်တွင် အထွေထွေညီလာခံခန်းမ၌ အဖွဲ့ဝင်နိုင်ငံများက မေးခွန်းများ မေးမြန်းခဲ့ကြသည်။

အန်တိုနီဂူတာရက်စ်က ကမ္ဘာ့နိုင်ငံများအား စစ်အေးတိုက်ပွဲပုံစံသစ်ကို ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့ပြီး ၂၁ ရာစုတွင် ရာသီဥတု အကျပ်အတည်း မှ နျူကလီးယား လက်နက်မ ပြန့်ပွားရေး ထိန်းချုပ်မှုအထိ လူ့အခွင့်အရေးဆုတ်ယုတ်ခြင်းများအပါအဝင် ဆက်နွယ်မှုအကြောင်းကို အလေးအနက် ပြောကြားခဲ့သည်။

နိုင်ငံစုံပါဝင်ရေးဝါဒသည် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ကြီးမားသော အင်အားကြီးနိုင်ငံများအကြား လက်တွေ့ကျသော မိတ်ဖက်ဆက်ဆံရေး ပြုလုပ်ခြင်းတို့အပေါ် များစွာမူတည်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တကယ်လို့ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ ယုံကြည်မှု မရှိဘူးဆိုရင် ၊ ကြီးမားတဲ့အင်အားကြီးနိုင်ငံတွေအကြား ဆက်ဆံရေး ပျက်ပြားနေအုန်းမယ်ဆိုရင် နိုင်ငံစုံ ပါဝင်ရေးစနစ်က အများကြီး လုပ်နိုင်မှာ မဟုတ်ပါဘူး”ဟု အန်တိုနီဂူတာရက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ( ၉ ) ယောက်မြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဘန်ကီမွန်းထံမှ ရာထူးဆက်ခံခဲ့သည်။

ဂူတာရက်စ်သည် ၂၀၀၅ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၊ သူသည် ၁၉၉၅ ခုနှစ် ၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
UN chief states vision for second term
UNITED NATIONS, May 10 (Xinhua) — United Nations Secretary-General Antonio Guterres has declared his intention to run for a second term, expressing a strong belief in nations working together to solve the world’s crises and conflicts.
Guterres, who is running for a second term, took questions from member states in the General Assembly Hall on Friday.
He urged the world’s nations to avoid a new type of Cold War, and stressed that everything from the climate crisis to nuclear proliferation and the pushback on human rights is inter-linked in the 21st century.
Multilateralism “depends a lot on the establishment of trust among member states, and on making functional relationship among the biggest powers,” he said.
“If there is no trust among member states and if the relationship among the biggest powers remains dysfunctional, then there’s not much the multilateral system can do,” he added.
Guterres became the ninth secretary-general of the United Nations on Jan. 1, 2017, succeeding Ban Ki-moon.
Guterres served as High Commissioner of the UN Refugee Agency from June 2005 to December 2015 and prime minister of Portugal from 1995 to 2002. Enditem