Connect with us

International Organizations

လက်ရှိတွင် လူပေါင်း အနည်းဆုံး ၁၅၅ သန်း ဆိုးရွားသည့်စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ကြေညာ

ရောမ ၊ မေ ၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် နှင့် အီးယူ တို့က မေ ၅ ရက်၌ အွန်လိုင်းမှတစ်ဆင့် ပူးတွဲ ထုတ်ပြန်ကြေညာသည့် “၂၀၂၁ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအရေး အစီရင်ခံစာ” တွင် ၂၀၂၀ ပြည့်နှစ်၌ ကမ္ဘာပေါ်တွင် လူပေါင်း အနည်းဆုံး ၁၅၅ သန်းသည် ဆိုးရွားသည့် စားနပ်ရိက္ခာမလုံလောက်မှု နှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းမှာ လွန်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။

ဆိုးရွားသည့် စားနပ်ရိက္ခာမလုံလောက်မှုဆိုသည်မှာ လူ့အသက် သို့မဟုတ် လုပ်ကိုင်စားသောက်ရန်အတွက် အစားအသောက် လုံလောက်စွာ မစားသုံးနိုင်ခြင်း တိုက်ရိုက်ရင်ဆိုင်နေရသည့် အန္တရာယ်ကို ဆိုလိုသည်။ အစီရင်ခံစာအရ တိုက်ခိုက်မှု ၊ COVID-19 ရောဂါ နှင့် ဆိုးရွားသည့် ရာသီဥတုစသည့် အကြောင်းအရင်းများကြောင့် လတ်တလောနှစ်ပိုင်းတွင် ကမ္ဘာ့ပေါ်၌ ဆိုးရွားသည့် စားနပ်ရိက္ခာမလုံလောက်မှုပြသနာမှာ ဆက်တိုက်ကြုံတွေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ နှင့် ဒေသ အနည်းဆုံး ၅၅ ခုရှိ လူပေါင်း အနည်းဆုံး ၁၅၅ သန်းက အန္တရာယ်ရှိသောအဆင့် သို့မဟုတ် ယင်းထက်ပိုမိုဆိုးရွားသော စားနပ်ရိက္ခာမလုံလောက်သည့် အခက်အခဲ နှင့် ရင်ဆိုင်ခဲ့ပြီး ယခင်နှစ်ထက် လူပေါင်း သန်း ၂၀ ခန့်တိုးမြင့်လာကြောင်း သိရှိရသည်။

စားနပ်ရိက္ခာ မလုံလောက်ခြင်း သက်ရောက်မှုဖြစ်ပွားခဲ့သော နိုင်ငံများအနက် အာဖရိကတိုက်အတွင်းရှိ နိုင်ငံများမှာ ပိုမိုသိသာထင်ရှားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ ပြင်းထန်စွာ စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာ ရင်ဆိုင်ခဲ့ရသော လူများအနက် သုံးပုံနှစ်ပုံမှာ အာဖရိကတိုက်ရှိ ပြည်သူများဖြစ်ကြောင်း ၊ ထို့ပြင် ယီမင် ၊ အာဖဂန်နစ္စတန် ၊ ဆီးရီးယား နှင့် ဟေတီ စသည့် နိုင်ငံများသည်လည်း စားနပ်ရိက္ခာမလုံလောက်မှု ရင်ဆိုင်နေရသည့် အဆင့်၌ ကမ္ဘာ့အမြင့်ဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း သိရှိရသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် နှင့် အီးယူ တို့မှ အတူတကွ ထူထောင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အန္တရာယ် ရင်ဆိုင်ဖြေရှင်းရေး ကွန်ရက်က မေ၅ ရက်၌ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် စိန်ခေါ်မှုအား ရင်ဆိုင်ဖြေရှင်းရန်အတွက် ပြောင်းလဲနိုင်သည့် စိုက်ပျိုးရေး စားနပ်ရိက္ခာစနစ်ကို တွန်းအားပေး ကြိုးပမ်းတည်ဆောက်ပြီး လူမှုအသိုင်းအဝိုင်း ၊ ပတ်ဝန်းကျင် နှင့် စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

———————————————-
(Chinese Version)
(经济)联合国:至少1.55亿人面临重度粮食不安全
2021-05-06 10:52:23 分类: 宏观经济
  新华社罗马5月5日电(记者李洁)联合国粮食及农业组织、世界粮食计划署和欧盟5日共同在线发布的《2021年全球粮食危机报告》称,2020年全球至少1.55亿人面临重度粮食不安全问题,达到过去五年最高水平。
  重度粮食不安全是指生命或生计因无法摄入足够食物而面临直接危险。报告显示,受冲突、新冠疫情、极端天气等因素的影响,近年来全球重度粮食不安全问题持续加剧。2020年,55个国家和地区至少1.55亿人陷入危机级别或更为严重的粮食不安全困境,比上一年增加约2000万人。
  非洲国家受到的影响尤为明显。2020年,全球面临重度粮食不安全问题的人口中有三分之二身处非洲大陆。此外,也门、阿富汗、叙利亚和海地等国去年粮食危机严重程度也位列前十。
  由粮农组织、世界粮食计划署和欧盟组建的全球应对粮食危机网络当天发表联合声明表示,为应对挑战,将加大努力推动建设有韧性的农业粮食体系,实现社会、环境和经济的可持续发展。(完)

Photo
2019年10月17日,在贝宁经济首都科托努郊区的托优优美小学,学生们在午餐时享用中国援助的米饭。新华社发(塞拉芬摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.