Connect with us

International Organizations

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှ မဲခွဲဆုံးဖြတ်ချက်ဖြင့် အစ္စရေး နိုင်ငံ ၏ အခြေချနေထိုင်ခြင်း ဆောင်ရွက်မှု အလုံးစုံ ကိုရပ်တန့်ရန် ပြောကြား

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က မဲခွဲဆုံးဖြတ်ချက် ချမှတ်ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အစ္စရေး နိုင်ငံ မှ ပါလက်စတိုင်း နိုင်ငံ အတွင်းရှိ နယ်မြေများကို သိမ်းပိုက်ကာ အခြေချ နေထိုင်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ထပ်မံပြောကြားခဲ့ပြီး အစ္စရေး နိုင်ငံ အနေဖြင့် အခြေချနေထိုင်ခြင်း ဆောင်ရွက်မှုများ အလုံးစုံ ကို ရပ်တန့်ရမည် ဖြစ်ကြောင်း ကောင်စီ၏ ဒီဇင်ဘာ ၂၃ ရက်နေ့မဲခွဲ ဆုံးဖြတ်ချက်အရ ပြောကြား ခဲ့သည်။

လုံခြုံရေး ကောင်စီမှ မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၄ မဲ နှင့် ဆန္ဒမဲ မပြုသည့် ၁ မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံ မှ မဲပေးခြင်းကို စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုမဲခွဲဆုံးဖြတ်မှု ရလဒ် ထွက်ပေါ်လာပြီးနောက်တွင် လုံခြုံရေး ကောင်စီ အစည်းအဝေး ခန်းမ တွင် ဝမ်းမြောက်ဂုဏ်ပြုကြောင်း လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

မဲခွဲဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် အစ္စရေး နိုင်ငံ ၏ ၁၉၆၇ ခုနှစ် မှ စတင်၍ ဂျေရုဆလင်မြို့ အရှေ့ပိုင်း အပါအဝင် ပါလက်စတိုင်း နယ်နိမိတ် အတွင်း သိမ်းပိုက် ခဲ့သည့် နေရာ များတွင် အခြေချနေထိုင်သည့် တည်နေရာများ ဆောင်ရွက်ခြင်းသည် ဥပဒေ အရ တရားဝင်မှု မရှိသည့် အပြင် ထိုဆောင်ရွက်မှု သည် နိုင်ငံတကာ ဥပဒေ ကိုလည်း ချိုးဖောက်ရာရောက်ကြောင်း ၊ နှစ်နိုင်ငံ မူဝါဒရေးရာ ဖော်ဆောင်မှုကို ဆိုးရွားစွာ အနှောက်အယှက် ဖြစ်စေခဲ့ပြီး တရားမျှတခြင်း ၊ ရေရှည်နှင့် ဘက်စုံငြိမ်းချမ်းရေး အတွက် အတားအစီး ဖြစ်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လုံခြုံရေး ကောင်စီ အနေဖြင့် အစ္စရေး နိုင်ငံ မှ ပါလက်စတိုင်း နယ်နိမိတ် အတွင်း သိမ်းပိုက်ထားသည့် နေရာများ တွင် အခြေချနေထိုင်ခြင်း တည်နေရာ ဆောင်ရွက်မှု များကို ချက်ခြင်းအလုံးစုံ ရပ်တန့်ရမည်ဖြစ်ကြောင်း ၊ အလုံးစုံ ရပ်တန့်ခြင်းဖြင့် နှစ်နိုင်ငံ မူဝါဒ အား ကယ်တင်နိုင်ရန် အလွန်အရေးကြီးကြောင်း ၊ အရပ်ဘက် ပြည်သူလူထု ကို ညှဉ်းပန်းနှိပ်စက်ခြင်းကို ကာကွယ်နိုင်မည့် ဆောင်ရွက်မှုများကို လည်း ချက်ချင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ပါလက်စတိုင်း နှင့် အစ္စရေး နှစ်နိုင်ငံ အနေဖြင့်ချုပ်တည်းသည်းခံကာ ယုံကြည်မှု ပြန်လည် တည်ဆောက်ပြီး ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်သွားရန် နှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း မှ လည်း ယင်းကိစ္စ နှင့် ပတ်သက်၍ စုပေါင်း ကြိုးပမ်းအားထုတ် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အခြေချနေထိုင်ခြင်း တည်နေရာ ဆောင်ရွက်ခြင်းသည် ပါလက်စတိုင်း နှင့် အစ္စရေး နှစ်နိုင်ငံ ပြဿနာ ၏ အဓိက ကိစ္စရပ် တစ်ခုဖြစ်သည်။ အစ္စရေး နိုင်ငံ သည် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားသည့် တတိယ အကြိမ်မြောက် အရှေ့အလယ်ပိုင်း စစ်ပွဲပြီးနောက်တွင် စတင်၍ ဂျေရုဆလင်မြို့ အရှေ့ပိုင်း နှင့် ဂျော်ဒန်မြစ် အနောက်ဘက် ကမ်း ဒေသ များတွင် ဂျူးလူမျိုးများ အခြေချ နေထိုင်သည့် တည်နေရာ များကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်အသိုင်းအဝိုင်း အနေဖြင့် ဂျူးလူမျိုးများ အခြေချ နေထိုင်ရာ တည်နေရာ အားလုံးသည် တရားမဝင် ဟု သတ်မှတ်ခဲ့ကြပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရန် အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း ခံယူ ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.