Connect with us

International Organizations

၂ဝ၁၆ ခုနှစ်တွင် မြေထဲပင်လယ်၌ တစ်ရက်လျှင်လူ ၁၄ ဦးခန့်သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂပြော

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မပေါက်ကွဲသေးသော M-150အချိုရည်ပုလင်းများအား တွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ်တွင် မြေထဲပင်လယ်ကို ဖြတ်၍ ရွှေ့ပြောင်းအခြေချသူများသည် တစ်ရက်လျှင် ပျမ်းမျှ လူပေါင်း ၁၄ ဦးခန့်အသက်သေဆုံးခဲ့ရကြောင်း ၊ ၎င်းအရေအတွက်မှာ အမြင့်ဆုံး စံချိန်တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်ရုံးက ဒီဇင်ဘာလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

မြေထဲပင်လယ်တွင် ၂ဝ၁၆ ခုနှစ်အတွင်း အသက်သေဆုံးခဲ့ရသူပေါင်းမှာ ၅ဝဝဝ ဦးထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ စာရင်းများအရ သိရသည်။

အဆိုပါ ရွှေ့ပြောင်းအခြေချ ဒုက္ခသည်များအတွက် ပြန်လည်အခြေချနေထိုင်ရေး ၊ ပုဂ္ဂလိကအကူအညီပေးရေး ၊ မိသားစုပြန်လည်ပေါင်းစည်းရေး နှင့် ပညာသင်ကြားခွင့် ထောက်ပံ့ရေး အစီအစဉ်များကို အဆောတလျင်လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း UNHCR က သတိပေးခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် မြေထဲပင်လယ်ကို ဖြတ်ကျော်ခဲ့သူပေါင်းမှာ ၁သန်းကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ၃၇၇၁ ဦး အသက်သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.