Connect with us

International Organizations

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် နှင့် နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်) ဥက္ကဋ္ဌ တို့တွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်(ယာ)နှင့် အင်တာပိုလ် အကြီးအကဲ Meng Hongwei (ဝဲ)တို့ တွေ့ ဆုံနှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်(သစ်) အန်တိုနီယိုဂူတာရက်စ် နှင့် နိုင်ငံတကာပြစ်မှုဆိုင်ရာရဲတပ်ဖွဲ ့(အင်တာပိုလ်) ဥက္ကဋ္ဌ မန်ဟောင်ဝေ (Meng Hongwei) တို့သည် ဒီဇင်ဘာလ ၂၁ ရက်က ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အင်တာပိုလ်အကြီးအကဲက ဂူတာရက်စ်အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်(သစ်) အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း နှင့် နိုင်ငံတကာပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့အနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်၏ တာဝန်ဝတ္တရားများကို အပြည့်အဝ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်တာပိုလ် အနေဖြင့် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေသော အဓိက အရေးကိစ္စရပ်များကို ကုလသမဂ္ဂအဖွဲ့ကြီးနှင့်အတူ မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၊ နိုင်ငံတကာတည်ငြိမ်ရေး နှင့် လုံခြုံရေးအတွက် ကုလသမဂ္ဂနှင့်အတူ ထိန်းသိမ်းလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ နှင့် အင်တာပိုလ် အဖွဲ့အစည်းနှစ်ခုကြားတွင် ကာလရှည်ကြာစွာ မိတ်ဖက်အဖြစ် ရပ်တည်လာခဲ့ကြောင်း နှင့် ဆိုက်ဘာလုံခြုံရေး ၊ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအစီအစဉ်များ နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် အင်တာပိုလ်အဖွဲ့ကြီးနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂူတာရက်စ် ကပြောကြားခဲ့သည်။

ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့နေရသဖြင့် အဖွဲ့အစည်း နှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးကြီးကြောင်း ဂူတာရက်စ်က အသိအမှတ်ပြု ပြောကြားခဲ့သည်။

အင်တာပိုလ်အဖွဲ့ကြီးဖြစ်လာမည့် နိုင်ငံတကာပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့ကော်မရှင်(ICPC) ကို ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။၁၉၄၆ ခုနှစ်မှ စတင်ကာ အဆိုပါအဖွဲ့ထံ ကြေးနန်းပေးပို့မှုများတွင် အင်တာပိုလ် အဖွဲ့ဟူ၍ သုံးနှုန်းလာခဲ့ကြောင်း နှင့် ၁၉၅၆ ခုနှစ်တွင် ၎င်းအမည်ကို အင်တာပိုလ်ဟူ၍ တရားဝင်အသုံးပြုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.