Connect with us

International Organizations

တရုတ်နှစ်သစ်ကူးအတွက် ကုလသမဂ္ဂအကြီးအကဲက နှုတ်ခွန်းဆက်ဆုမွန်ကောင်းတောင်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ (UN) အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဗီဒီယိုမှတစ်ဆင့် တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားလိုက်ကြောင်း သိရသည်။

၎င်း၏ နှုတ်ခွန်းဆက် ဗီဒီယိုတွင် မန်ဒရင်းဘာသာဖြင့် “Xin Chun Kuai Le” (ပျော်ရွှင်ဖွယ်သော နှစ်သစ်ဖြစ်ပါစေ) ဟူ၍ ဆုတောင်းကာ “တရုတ်ရိုးရာပြက္ခဒိန်အရ မင်္ဂလာရှိသော ခွေးနှစ်စတင်မည့်အချိန်အခါသမယမှာ ယခုလို နွေးထွေးသော နှုတ်ခွန်းဆက်ခွင့်ရသည့်အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်” ဟု အင်္ဂလိပ်ဘာသာဖြင့် ဆက်လက်ပြောကြားခဲ့သည်။

ခွေးများသည် လူသားများအတွက် စောင့်ရှောက်သူများဖြစ်သလို အဖော်ကောင်းများလည်း ဖြစ်သည်။ တစ်ကမ္ဘာလုံး လက်ခံထားချက်အရ ခွေးများသည် သစ္စာရှိခြင်းနှင့် ယုံကြည်စိတ်ချရခြင်း၏ သင်္ကေတဖြစ်သလို ပင်ကိုအားဖြင့် စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းကို တွန်းအားပေးခြင်းလည်း ဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့ ကမ္ဘာကြီး၏ လိုအပ်ချက်များဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

“ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အတူတကွ လုပ်ဆောင်ကြပါစို့” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့ပြင် ဂူတာရက်စ်က ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများအား ထောက်ပံ့ပေးသည့်အတွက် တရုတ်နိုင်ငံနှင့် ပြည်သူများအား ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပြီး “မင်္ဂလာရှိသော ခွေးနှစ်တွင် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အောင်မြင်မှုများ ရရှိပါစေ” ဟု ဆုမွန်ကောင်းတောင်းလိုက်သည်။

ယခုနှစ်အတွက် တရုတ်နှစ်ကူးသည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကျရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.