Connect with us

International Organizations

ပါပူဝါနယူးဂီနီ နိုင်ငံ အရှေ့ဘက် ပင်လယ်ပြင်တွင် ပြင်းအား ၇.၀ အဆင့် ရှိသည့် ငလျင် လှုပ်ခတ်

ပါပူဝါနယူးဂီနီ နိုင်ငံ တွင် ပြင်းအား ၇.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့သည့် ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆစ်ဒနီ ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာန ၏ ထုတ်ပြန် ကြေညာချက် အရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၁၁ ရက် နံနက် ၄ နာရီ ၄၈ မိနစ် အချိန်တွင် ပါပူဝါနယူးဂီနီ နိုင်ငံ တွင် ပြင်းအား ၇.၀ အဆင့် ရှိသည့် ငလျင် လှုပ်ခတ် ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

ငလျင် က ပါပူဝါနယူးဂီနီ နိုင်ငံ အရှေ့ဘက် ၁၁၇ ကီလိုမီတာ အကွာအဝေး တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ငလျင် က မြေအောက်အနက် ၄၀.၃ ကီလိုမီတာ သို့ ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပစိဖိတ်သမုဒ္ဒရာ ဆူနာမီ သတိပေး စင်တာ က ဆူနာမီ သတိပေးချက် ထုတ်ပြန် ခဲ့ပြီး ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

သြစတြေးလျ ဆူနာမီ သတိပေး စင်တာ က ယခု အကြိမ် လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့် သြစတြေးလျ နိုင်ငံ ကမ်းရိုးတန်း ဒေသ များတွင် ဆူနာမီ မဖြစ်ပေါ် နိုင်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.