Connect with us

International Organizations

ယီမင်၌ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂသတိပေး

ယီမင်နိုင်ငံ၌ အာဟာရ ချို့ တဲ့၍ ဆေးရုံတင်ထားရသော ကလေးငယ်တစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ၌ နောက်ထပ် လူပေါင်း ၅ သန်းကျော် အစာရေစာမလုံလောက်မှုပြဿနာနှင့်ကြုံတွေ့ဖွယ်ရှိနေရာ နိုင်ငံအတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်သူ အရေအတွက်မှာ ၁၃.၄ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

၂ဝ၁၇ ခုနှစ်နှောင်းပိုင်းတွင် ယီမင်နိုင်ငံ၌ လူပေါင်း ၈.၄ သန်းသည် အစားအစာမလုံလောက်မှုပြဿနာဖြင့် ကြုံတွေ့ခဲ့သည်။ ယီမင်ငွေကြေးဖောင်းပွမှုအပါအဝင် စီးပွားရေးချွတ်ခြုံကျမှုကြောင့် နိုင်ငံအတွင်း အစားအစာမလုံလောက်သူအရေအတွက်သည် ၁၃.၄ သန်းထိ မြင့်တက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များက ခန့်မှန်းထားသည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ဆိုသည်။

ကုလသမဂ္ဂ နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယီမင်နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ထောက်ပံ့ပေးရန် ၂ဝ၁၈ ခုနှစ်အတွက် ငွေကြေး အမေရိကန်ဒေါ်လာ ၃ ဘီလီယံလိုအပ်နေသည်။ လက်ရှိတွင် လိုအပ်သောအရင်းအမြစ် သုံးပုံ-နှစ်ပုံသာ ရရှိထားကြောင်း ၎င်းပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုတာဝန်ခံ Lise Grande က အောက်တိုဘာ ၁၄ ရက်တွင် Hudaydah ၌ မောင်းနှင်နေသော မီနီဘတ်စ်ကားများ တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံးအရပ်သား ၁၅ ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်ကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

လူသားချင်းစာနာထောက်ထားမှုအဖွဲ့များအနေဖြင့် ဒဏ်ရာရသူများအား အကူအညီပေးရန် အချင်းဖြစ်နေရာသို့အလျင်အမြန်သွားရောက်နေကြောင်း ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.