Connect with us

International Organizations

မြောက်ကိုးရီယား နိုင်ငံ၏ ရေငုပ်သင်္ဘော ဒုံးကျည် စမ်းသပ်မှုအား ကုလသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချ

မြောက်ကိုးရီးယား ဒုံးကျည် စမ်းသပ်မှုအပေါ် ပြင်းထန်စွာ ရှုံချရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၌ မဲခွဲ ဆုံးဖြတ် နေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယားနိုင်ငံ၏ ရေငုပ် သင်္ဘောသုံး ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြင်းထန်စွာ ရှုတ်ချကြောင်း ဧပြီလ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

“ ဒီစမ်းသပ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ ( ၂ဝဝ၆ ခုနှစ် ) ၊ ၁၈၇၄ ( ၂ဝဝ၉ ခုနှစ် ) ၊ ၂ဝ၈၇ ( ၂ဝ၁၃ ခုနှစ် ) နဲ့၂ဝ၉၄ (၂ဝ၁၃ ခုနှစ် ) တို့အပေါ် မြောက်ကိုးရီးယား ဘက်က ချိုးဖောက်လိုက်တာပဲ ” ဟု ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြောက်ကိုးရီးယား နိုင်ငံအနေဖြင့် ဘောလ်တစ် ဒုံးကျည် စမ်းသပ်မှု အသစ်များ ထပ်မံ ပြုလုပ်ခြင်း ၊ အကယ်၍ စမ်းသပ်မှုများ အောင်မြင်မှု မရသည့်တိုင် ၎င်းလုပ်ဆောင်ချက် အားလုံးသည် ကုလသဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ရာ ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုးရီးယား နိုင်ငံက ၎င်းတို့၏ ရေငုပ် သင်္ဘောသုံး မဟာဗျူဟာမြောက် ဘောလ်တစ် ဒုံးကျည် စမ်းသပ်မှုမှာ အောင်မြင်သည်ဟု ကြေညာခဲ့ပြီး ၎င်းစမ်းသပ်မှုကို မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအမ်း ( Kim Jong Un ) ကိုယ်တိုင် လမ်းညွှန်မှု ပေးခဲ့ကြောင်း ကိုးရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ဧပြီ ၂၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ရေငုပ်သင်္ဘောသုံး ဘောလ်တစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်း အောင်မြင်မှုအပေါ် မြောက်ကိုးရီးယား နိုင်ငံပိုင် သတင်းဌာနက ဒုတိယ အကြိမ်မြောက် သတင်း ထုတ်ပြန်မှု ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် မေလ ၉ ရက်က ဘောလ်တစ်ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်ပုံကို မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအမ်း လာရောက် ကြည့်ရှုသည့် သတင်းအား KCNA သတင်းဌာနက ပထမဆုံးအကြိမ် ဖော်ပြခဲ့ဖူးသည်။

မြောက်ကိုးရီးယား နိုင်ငံ၏ ဘောလ်တစ် ဒုံးကျည် စမ်းသပ်မှု မတိုင်ခင် တစ်ရက်အလို ၂ဝ၁၆ ခုနှစ် ဧပြီလ ၁၅ ရက်က ကုလသမဂ္ဂ လုံခြုံရေး အဖွဲ့ဝင် ၁၅ နိုင်ငံသည် အဆိုပါ ဒုံးကျည် ပစ်လွှတ်ခြင်း စမ်းသပ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။ လုံခြုံရေး ကောင်စီသည် ဆုံးဖြတ်ချက် ၅ ခုဖြင့် မြောက်ကိုးရီးယား နိုင်ငံ၏ ဒုံးကျည် နှင့် နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းရန် ကြိုးပမ်းနေသည်။ နောက်ဆုံး ထုတ်ပြန်လိုက်သော ဆုံးဖြတ်ချက်တွင် မြောက်ကိုးရီးယားနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုပေါင်းများစွာ ချမှတ်ခဲ့ပြီး ၎င်းထဲတွင် မြောက်ကိုးရီးယား နိုင်ငံ၏ ပို့ကုန်များအား စစ်ဆေးခြင်း နှင့် ပိတ်ပင် တားဆီးခြင်းများ ပြုလုပ်ရေးဆိုင်ရာ အချက်များလည်း ပါဝင်သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.