Connect with us

International Organizations

အများပြည်သူ ဆိုင်ရာ အာကာသ လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံကို အလားအလာ ရှိသော မိတ်ဖက်အဖြစ် NASA က ရှုမြင်

တရုတ်နိုင်ငံမှ လွှတ်တင်သော အာကာသ ယာဉ်တစ်စီး လ မျက်နှာပြင်ပေါ်သို့ ဆင်းသက်ည နေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန် အာကာသိပ္ပံ အေဂျင်စီ (NASA) က အရပ်ဘက် အာကာသဆိုင်ရာ နယ်ပယ်တွင် တရုတ်နိုင်ငံအား ခြိမ်းခြောက်မှုအဖြစ် မမြင်ဘဲ ပူးပေါင်း လုပ်ဆောင်နိုင်သော အလားအလာရှိသူ အဖြစ် ရှုမြင်ကြောင်း နာဆာ ခေါင်းဆောင်က ဧပြီလ ၂၇ ရက်တွင် ပြောကြား လိုက်သည် ။

နာဆာ အုပ်ချုပ်ရေးမှူး ချားလ်စ်ဘိုလ်ဒန် (Charles Bolden ) က ဝါရှင်တန် အခြေစိုက် ပညာရှင် အဖွဲ့ဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဆိုင်ရာ စင်တာမှ ဦးဆောင် ပြုလုပ်သော အခမ်းအနား၌ အမေရိကန် နိုင်ငံတကာ ဆက်ဆံရေးတွင် ဌာန၏ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးစဉ် အတွင်း ထိုသို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အရက်ဘက်သုံး အာကာသ လုပ်ငန်းစဉ်အရ သူတို့(တရုတ်နိုင်ငံ) ကို အလားအလာ ရှိတဲ့ မိတ်ဖက် တစ်ယောက် အဖြစ် မြင်မိပါတယ်” ဟု ဘိုလ်ဒန် က ဆိုသည်။ ထို့ပြင် “ မြေကမ္ဘာနှင့် လဆိုင်ရာ သိပ္ပံ လေ့လာမှု များကဲ့သို့သော နယ်ပယ် အချို့မှာ သူတို့ဟာ NASA အတွက် မိတ်ဖက်တွေ ဖြစ်နေပြီးသားပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။
သို့သော် မိတ်ဖက် အဖြစ် ပူးပေါင်း ဆောင်ရွက်ရန် အလားအလာ ရှိသော နေရာများစွာ ရှိသော်လည်း ကန့်သတ်ချက်များ ရှိနေသဖြင့် လက်တွဲခွင့် မရဘဲ ပိတ်ပင် တားဆီး ခံထားရသည့် ကိစ္စရပ်လည်း များစွာ ရှိနေကြောင်း ဘိုလ်ဒန်က ဆိုသည်။
တရုတ်နိုင်ငံသား ဧည့်သည်များသည် NASA သို့လာရောက် လည်ပတ်ခြင်းနှင့် တရုတ်အစိုးရ အတွက် ဖြစ်စေ ၊ ကုမ္ပဏီ လုပ်ငန်းစုများ အတွက် ဖြစ်စေ သုသေတနပြု လုပ်ပေးနေသည့် သုသေသီများ နှင့် ပူးပေါင်း လုပ်ကိုင်ခြင်းတို့အား တားမြစ်ထားသည့် ဥပဒေကို အမေရိကန် ကွန်ဂရက် က ၂ဝ၁၁ ခုနှစ်တွင် ပြဌာန်းထားသည်။ အဓိက အာကာသ ဆိုင်ရာ ကျွမ်းကျင်သူများ ပူးပေါင်း ဆောင်ရွက်မှုသည် လူသားအားလုံး ဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်စေနိုင်သည့် အတွက် အမေရိကန် အပါအဝင် မည်သည့် နိုင်ငံနှင့် ဖြစ်စေ လက်တွဲ လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံက ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
“အမေရိကန် နိုင်ငံ အပါအဝင် ဘယ်နိုင်ငံနဲ့မဆို လက်တွဲ အလုပ်လုပ်ဖို့ပိတ်ပင် တားဆီးထားတဲ့ စည်းကမ်းချက်တွေ တရုတ်နိုင်ငံမှာ မရှိပါဘူး ” ဟု တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသနေ့ အခမ်းအနားတွင် ပထမဆုံး အာကာသ ယာဉ်မှူးဖြစ်သူ Yang Liwei က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.