Connect with us

International Organizations

ရှင်းကျန်းဒေသတွင် တရုတ်နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် အစွန်းရောက်လုပ်ငန်းများ တိုက်ဖျက်ရေးဆောင်ရွက်ချက်အပေါ် ၄၆ နိုင်ငံက ထောက်ခံ

တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံများ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်က ကျင်းပသော နဂါးလှေပွဲတော်တွင် ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေနေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် အစွန်းရောက်လုပ်ငန်းများ တိုက်ဖျက်ရေး ဆောင်ရွက်ချက်အပေါ် ထောက်ခံကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄၆ နိုင်ငံကိုယ်စား ဘီလာရုစ်နိုင်ငံက  ဇူလိုင် ၁ ရက်တွင် ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

 “ တရုတ်နိုင်ငံအပေါ်သတင်းအမှားတွေနဲ့ အခြေအမြစ်မရှိ စွပ်စွဲနေတာတွေကို ရပ်တံ့ဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။“ လူ့အခွင့်အရေးကောင်စီရဲ့ အလုပ်ဟာ ရည်ရွယ်ချက်ရှိဖို့ ၊ ပွင့်လင်းမြင်သာဖို့ ၊ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး ဦးတည်မလုပ်ဖို့ ၊ အပြုသဘောဆောင်ဖို့ ၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဖို့  နဲ့ နိုင်ငံရေးအရ မလုပ်ဖို့ ကျွန်တော်တို့ထပ်လောင်း ပြောချင်ပါတယ်။ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့မြှင့်တင်ဖို့ ကျွန်တော်တို့ရဲ့ကတိကဝတ်တွေ ၊  လူ့အခွင့်အရေးကိစ္စရပ်အပေါ် နိုင်ငံရေးအရ အသုံးချတာတွေ စံနှုန်းနှစ်ခုထားပြီးလုပ်တာတွေကို ကျွန်တော်တို့ ကန့်ကွက်ရှုံ့ချပါတယ်” ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံများ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်က ကျင်းပသော နဂါးလှေပွဲတော်တွင် ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေနေစဉ်(ဆင်ဟွာ)

“ အကြမ်းဖက်ဝါဒနဲ့အစွန်းရောက်ဝါဒဟာ လူသားအားလုံးအတွက် ဘုံရန်သူဖြစ်ပါတယ်၊ ပြီးတော့လူသားအားလုံးအပေါ် ခြိမ်းခြောက်နေပါတယ် ၊ တရုတ်နိုင်ငံ ရှင်းကျန်းဒေသမှာ တိုင်းရင်းသား မျိုးနွယ်စုအားလုံးဟာ အကြမ်းဖက်ဝါဒီ ၊ ခွဲထွက်ဝါဒီ နဲ့ အစွန်းရောက်ဝါဒီတွေကြောင့် ဆုံးရှုံးပျက်စီးရမှာကို ကျွန်တော်တို့ စိုးရိမ်ပူပန်မိပါတယ်” ဟု ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်အဆိုပါထောက်ခံသော နိုင်ငံများက တရုတ်နိုင်ငံအနေဖြင့် ရှင်းကျန်းဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ လူ့အခွင့်အရေးကိုထိန်းသိမ်းရန်  တရားဥပဒေနှင့်အညီ ပြုမူဆောင်ရွက်ခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုကြောင်း ၊ လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ရှင်းကျန်းဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်ကြိမ်မျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း နှင့် ရှင်းကျန်းဒေသတွင် လုံခြုံရေး နှင့် တည်ငြိမ်ရေးကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ရှင်းကျန်းဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံးရဲ့လူ့အခွင့်အရေးကို ထိရောက်စွာ အပြည့်အဝ ထိန်းသိမ်းကာကွယ်ပေးထားပါတယ်” ဟု အဆိုပါနိုင်ငံများကပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ တံခါးဖွင့်မှု ၊ ပွင့်လင်းမြင်သာမှု များသည် သက်သေခံချက်ပင်ဖြစ်ကြောင်း ၊ သံတမန် ၁,၀၀၀ ကျော် ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ၊ သတင်းသမားများနှင့် ဘာသာရေးခေါင်းဆောင်များကို ရှင်းကျန်းဒေသသို့သွားရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ရာ ရှင်းကျန်းရဲ့ မှတ်ကျောက်တင်ဖွယ်အောင်မြင်မှုကို မျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် ရှင်းကျန်းဒေသသို့သွားရောက်လည်ပတ်ရန် လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးကို ဖိတ်ကြားမှုတစ်ခုပြုလုပ်ထားပြီးဖြစ်ကြောင်းကို ပူးတွဲကြေညာချက်တွင် မီးမှောင်းထိုးဖော်ပြခဲ့ပြီး နှစ်ဖက်အနေဖြင့် ယင်းကိစ္စရပ်အပေါ် အပြန်အလှန်ချိတ်ဆက်မှုကို ဆက်လက်ထိန်းသိမ်းထားကြောင်း ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)