Connect with us

International Organizations

၂၀၁၇ ခုနှစ်အတွက် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ အစီရင်ခံစာ ကုလသမဂ္ဂ ထုတ်ပြန်

၂၀၁၇ ခုနှစ်အတွက် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ အစီရင်ခံစာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ၂၀၁၇ ခုနှစ် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ(LDCs) အစီရင်ခံစာအား ယနေ့ (နိုဝင်ဘာလ ၂၃ ရက်) တွင် ခတ္တမန္ဒူ၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအား ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု (UNCTAD) ညီလာခံတွင် ရိုက်နှိပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာအား ကုလသမဂ္ဂ သတင်းအချက်အလက် စင်တာ အမျိုးသား သတင်းအချက်အလက် အရာရှိ Ram B. Shah နှင့် Alternative Energy Promotion Center ဒေါက်တာ Ram Prasad Dhital တို့က မီဒီယာ ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

ယင်း အစီရင်ခံစာအရ ကမ္ဘာ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ ၄၇ နိုင်ငံသည် အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများထက် အိမ်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင် ရရှိမှု ပိုမို နိမ့်ကျသွားကြောင်း သိရသည်။

၂၀၃၀ ခုနှစ်တွင် ကမ္ဘာအနှံ့စွမ်းအင်ရရှိရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် အောင်မြင်စေရမည်ဖြစ်ကြောင်း၊ နှစ်စဉ် လျှပ်စစ်မီး ရရှိမှု ၃၅၀ ရာခိုင်နှုန်း တိုးတက်လာရန် လိုအပ်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

“ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွင်းရှိ လူဦးရေ ၆၂ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိကြပေမဲ့ နီပေါနိုင်ငံမှာ ရှိတဲ့ လူဦးရေ ၈၅ ရာခိုင်နှုန်းက လျှပ်စစ်မီး ရရှိတဲ့အတွက် အခြေအနေ အတော်လေး ကောင်းသေးတယ်လို့ ပြောရပါမယ်” ဟု Alternative Energy Promotion Center ဒေါက်တာ Ram Prasad Dhital က ပြောကြားခဲ့သည်။

LDCs အစီရင်ခံစာ ဖော်ပြထားချက်အရ ပျမ်းမျှအားဖြင့် LDCs နိုင်ငံများ၌ တစ်လလျှင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တစ်ကြိမ်လျှင် ငါးနာရီဝန်ကျင် ကြာမြင့်ကြောင်း အခိုင်အမာ ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်အတွက် LDCs စာရင်းတွင် ပါဝင်သော အာရှနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် နီပေါ နိုင်ငံများ အပါအဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.