Connect with us

International Organizations

Wallis and Futuna ကျွန်းစု အနီးတွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် တစ်ခု ဖြစ်ပွား

တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ Wallis and Futuna ကျွန်းစု အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆစ်ဒနီ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ Wallis and Futuna ကျွန်းစု အနီးတွင် ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၂၁ ရက်နေ့ ၂ နာရီ ၅၁ မိနစ် ၀၇ စက္ကန့် အချိန်တွင် ရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ရှား ခဲ့ကြောင်း သိရှိခဲ့ရသည်။

အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး ဌာန ၏ ထုတ်ပြန်ချက်အရ ယခု ဖြစ်ပွား ခဲ့သည့် ငလျင် သည် Wallis and Futuna ကျွန်းစု ၏ အရှေ့တောင်ဘက် ၁၉၄ ကီလိုမီတာ ရှိ ပင်လယ်ပြင် တွင် လှုပ်ခတ် ခဲ့ခြင်း ဖြစ်ပြီး မြေအောက် အနက် ၆ ကီလိုမီတာ ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပစိဖိတ် ဆူနာမီ သတိပေး စင်တာ က ယခု ဖြစ်ပွား ခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ဆူနာမီ သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

Wallis and Futuna ကျွန်းစု သည် ပြင်သစ် နိုင်ငံပိုင် ပင်လယ် ရပ်ခြားရှိ ကျွန်းစု တစ်ခု ဖြစ်ပြီး ယင်း ကျွန်းစု သည် ပစိဖိတ် ဒေသ ၏ ငလျင်ကြော အတွင်း တည်ရှိနေသောကြောင့် မကြာခဏ ငလျင် လှုပ်ခတ်လေ့ရှိ ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.