Connect with us

International Organizations

၂၀၂၀ ပြည့်နှစ် အင်တာနက် ထိပ်သီးအစီးအဝေးကို ပေါ်တူဂီ နိုင်ငံတွင် အွန်လိုင်ကွန်ဖရန့် ပုံစံဖြင့် ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ် အင်တာနက် ထိပ်သီးအစီးအဝေးကို ပေါ်တူဂီ နိုင်ငံ လစ္စဘွန်းမြို့တွင် ကျင်းပပြုလုပ်နေစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

၃ ရက်ကြာကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အင်တာနက် ထိပ်သိးအစီးအဝေးကို ဒီဇင်ဘာ၂ ရက်မှ စတင်ကာ ပေါ်တူဂီ နိုင်ငံ မြို့တော် လစ္စဘွန်းတွင် အွန်လိုင်းကွန်ဖရန့်ပုံစံဖြင့် ကျင်းပပြုလုပ်နေပြီး နိုင်ငံပေါင်း ၁၆၈ နိုင်ငံ မှ လုပ်ငန်းရှင်များ ၊ နိုင်ငံရေးပုဂ္ဂိုလ်များ နှင့် လုပ်ငန်းစတင်ထူထောင်သူများ အပါအဝင် အခမ်းအနားတက်ရောက်သူ တစ်သိန်းခန့် ရှိကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံဝန်ကြီးချုပ် António Costa က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် အွန်လိုင်း ထိပ်သီးအစီးအဝေးသည် ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးသော ကောင်းမွန်သော အစမှတ်တစ်ခုဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က COVID-19 ကပ်ရောဂါကြောင့် ဒီဂျစ်တယ်ပုံစံ နှင့် နည်းပညာ တီထွင်ဆန်းသစ်မှုတွင် ပိုမိုမြန်ဆန်လာစေခဲ့ကြောင်း ၊ ဥရောပတိုက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ် ပြုပြင်ပြောင်းလဲမှုအတွက် လာမည့် လှိုင်းကို ဦးဆောင်နိုင်စွမ်းရည်ရှိကြောင်း ၊ အီးယူအနေဖြင့် လာမည့်မျိုးဆက်သစ် အီးယူအစီအစဉ်များကို အဓိကထားရေးဆွဲသွားမည်ဖြစ်ကြောင်း ၊ အီးယူ စီးပွားရေး ပြန်လည်ထူထောင်လာနိုင်ရေး ရန်ပုံငွေ အနေဖြင့်လည်း ယင်းကဏ္ဍတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပထမအကြိမ် အင်တာနက် ထိပ်သီးအစည်းအဝေးကို ၂၀၁၀ ပြည့်နှစ်က အိုင်ယာလန် နိုင်ငံ မြို့တော်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ လစ္စဘွန်းမြို့တွင် ပြောင်းလဲကျင်းပခဲ့ကြောင်း ၊ လက်ရှိချိန်တွင်ယင်း ထိပ်သီးအစည်းအဝေးက ဥပရောပတိုက် ၏ အကြီးမားဆုံးသော သိပ္ပံနည်းပညာဆိုင်ရာ အစည်းအဝေး တစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော သိပ္ပံနည်းပညာဆိုင်ရာ အစည်းအဝေး တစ်ခု အပါအဝင်ဖြစ်ကြောင်း ၊ ယခုနှစ်အစည်းအဝေးတွင် ဧည့်သည်တော်ပေါင်း ၁,၁၀၀ ကျော်က ပါဝင် စာတမ်းဖတ်ကြမည်ဖြစ်ကြောင်း ၊ လုပ်ငန်းစီမံခန့်ခွဲမှု ၊ မီဒီယာ ၊ နည်းပညာတီထွင်ဆန်းသစ်မှု ၊ စာရင်းအင်း ဆိုင်ရာအချက်အလက် နှင့် လူနေမှုပုံစံ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း သဘောထား အမြင်များကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.