Connect with us

International Organizations

ပိုးလမ်းမလမ်းကြောင်းတစ်လျှောက်ရှိ အရပ်ဘက်အဖွဲ့အစည်းများက “RCEP အခွင့်အလမ်းသစ်ကို ဆုပ်ကိုင်၍ တရုတ်-အာဆီယံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်မည်” ဟူသည့်ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးမှုအား ပူးပေါင်းကျင်းပ ပြုလုပ်

ပိုးလမ်းမလမ်းကြောင်းတစ်လျှောက်ရှိ အရပ်ဘက်အဖွဲ့အစည်းများက “RCEP အခွင့်အလမ်းသစ်ကို ဆုပ်ကိုင်၍ တရုတ်-အာဆီယံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်မည်” ဟူသည့်ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးမှုအား ပူးပေါင်းကျင်းပပြုလုပ်ခဲ့စဉ်(ဓာတ်ပုံ-တရုတ်နိုင်ငံငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း)

ရန်ကုန် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးမိုး

ပိုးလမ်းမလမ်းကြောင်းတစ်လျှောက်ရှိ အရပ်ဘက်အဖွဲ့အစည်းများက ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) “RCEP အခွင့်အလမ်းသစ်ကို ဆုတ်ကိုင်၍ တရုတ်-အာဆီယံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်မည်” ဟူသည့်ခေါင်းစဉ်ဖြင့် လတ်တလောရက်ပိုင်းအတွင်း အွန်လိုင်းဆွေးနွေးမှုအား ပူးပေါင်းကျင်းပ ပြုလုပ်နိုင်ခဲ့သည်။

ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံအရပ်ဘက်အဖွဲ့အစည်း နိုင်ငံတကာ ဆက်ဆံရေး မြှင့်တင်မှုဌာန ၊ တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ၊ ယူနန်ပြည်နယ် ယွင်ဒီ လှုပ်ရှားမှု နှင့် ကျန်းမာရေးဆိုင်ရာ သုတေသနစင်တာ ၊ ကျင်းယွီ ကုမ္ပဏီ ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် တရုတ်နိုင်ငံ သုတေသနအဖွဲ့များ ၊ မြန်မာနိုင်ငံ ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ မှ ပညာရှင်အဖွဲ့များ မလေးရှား-တရုတ်ချစ်ကြည်ရေးအသင်း စသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော် မှ အရပ်ဘက်အဖွဲ့အစည်းများ ၊ ပညာရှင်အသင်းအဖွဲ့များ နှင့် လုပ်ငန်းရှင် ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့စဉ်တွင် တရုတ်နိုင်ငံအနေဖြင့် အာဆီယံ နိုင်ငံများနှင့်အတူတကွ “၂၀၃၀ ပြည့်နှစ် မိတ်ဖက်မဟာဗျူဟာဆက်ဆံရေး မျှော်မှန်းချက်” ၏ လမ်းညွှန်မှုအောက်တွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ကာ ဒေသတွင်း စည်ပင်သာယာဝပြောလာနေသည့် အလားအလာကို ထိန်းသိမ်းသွားပြီး တရုတ်-အာဆီယံ ပိုမိုနီးကပ်သည့် အေးအတူပူအမျှအသိုက်အဝန်း ကိုတည်ဆောက်သွားရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲအားတက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အဆိုပြုချက်နှင့် ပတ်သက်၍ ထောက်ခံအားပေးခဲ့ကြပြီး တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံများအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ပညာရှင်များနှင့် ကိုယ်စားလှယ် တို့က RCEP ချုပ်ဆိုနိုင်ခဲ့သည့် အခွင့်အလမ်းကို အသုံးချသွားရမည်ဖြစ်ပြီး တရုတ်နိုင်ငံ နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်ပစ္စည်းဆိုင်ရာ ၊ ငွေကြေးဆိုင်ရာ ၊ နည်းပညာဆိုင်ရာ ၊ နှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန်ချိတ်ဆက်မှုများကို ဆောင်ရွက်သွားပြီး ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုပုံစံတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကာ လူသားမျိုးနွယ်အေးအတူပူအမျှအသိုက်အဝန်း တွန်းအားပေးဆောင်ရွက်ရေး စသည့်ခေါင်းစဉ်များနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယခုအကြိမ်ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက ယခုအကြိမ်ဆွေးနွေးပွဲတွင် အကြောင်းရာများ ပြည့်စုံစွာ ဆွေးနွေးခဲ့ကြပြီး တရုတ်-အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများအကြား အပြန်အလှန် နားလည်မှု ကို တိုးပွားစေခဲ့ကာ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်အတွက် အခွင့်အလှမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သုံးသပ်ခဲ့ကြသည်။ (Xinhua)