Connect with us

Latin America

ကိုလံဘီယာနိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွား လူ ၇ ဦးသေဆုံး

လေယာဉ်ပျက်ကျမှုတွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက Cauca ပြည်နယ် Popayan မြို့မှ စတင်ပျံသန်းပြီး မကြာမီ ပျက်ကျခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာလေကြောင်းဦးစီးဌာနက ယင်းနေ့တွင်ပြောကြားခဲ့သည်။

အချင်းဖြစ်လေယာဉ်သည် ဒေသစံတော်ချိန် ၁၄ နာရီခန့်က စတင်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ၊ ပျံသန်းပြီးမိနစ်ပိုင်းအတွင်း စက်ချို့ယွင်းမှုကြောင့် လေဆိပ်အနီးရှိ လူနေရပ်ကွက်အတွင်းသို့ ပျက်ကျခဲ့ကြောင်း လေကြောင်း ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချင်းဖြစ်လေယာဉ်သည် Piper PA-31-350လေယာဉ်အမျိုးအစားဖြစ်ပြီး ခရီးသည် ၇ ဦး ၊လေယာဉ်ဝန်ထမ်း ၂ ဦးပါဝင်ကြောင်း Cauca ပြည်နယ်အနောက်ပိုင်း Lopez de Micayမြို့သို့ ပျံသန်းမည့်လေယာဉ်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်းနှင့် ဒဏ်ရာရသူနှစ်ဦး ကို ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ထားပြီ ဖြစ်ကြောင်း Popayan မြို့ တော်ဝန်က ဆိုသည်။

PA- 31 စီးရီးလေယာဉ်ကို အမေရိကန် Piper ကုမ္ပဏီမှထုတ်လုပ်ခြင်းဖြစ်ရာ ၁၉၆၄ ခုနှစ်မှစတင် အသုံးပြုပျံသန်းခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ဝယ်လိုအားကျဆင်းခဲ့သောကြောင့်ထုတ်လုပ်မှု ရပ်နားခဲ့ရကြောင်းသိရသည်။ လေကြောင်းခရီးစဉ်များတွင် အဆိုပါ စီးရီးအမျိုးအစား လေယာဉ်များကို ဝန်ပေါ့တင်ဆောင်ရာတွင်လည်းကောင်း ၊ လေကြောင်းခရီးတို သွားလာရာတွင်လည်းကောင်း အသုံးပြုလေ့ရှိကြောင်း သိရသည်။ (Xinhua)