Connect with us

Latin America

ကိုလံဘီယာ၌ အဆောက်အအုံပြိုကျ ၊ သေဆုံးသူ ၁၈ ဦးထိရှိလာ

ကိုလံဘီယာနိုင်ငံ၌ ဧပြီလ ၂၇ ရက်က ပြိုကျသွားသော အဆောက်အအုံတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘိုဂိုတာ၊ဧပြီ ၃ဝ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ Cartagena ၌ ပြီးခဲ့သော ရက်ပိုင်းက အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်ဖွယ်ရှိနေကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်က Cartagena မြို့၏ မြို့တော်ခန်းမ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ ၁၈ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ရှိခဲ့ပြီး စုစုပေါင်း ၄၁ ဦးကို ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။မြို့တော်ဝန် Manuel Duque က ဒေသတွင်း သတင်းမီဒီယာများအား ပြောကြားရာတွင် ဒဏ်ရာရရှိသူ ၁၆ ဦးကို ဆေးရုံတင်ပို့၍ ဆေးကုသမှုပေးထားကြောင်း သိရသည်။

သေဆုံးသူအများစုသည် ဆောက်လုပ်ရေးအလုပ်သမားများဖြစ်ကြောင်း နှင့် ၎င်းတို့အနက်အချို့မှာ ဗင်နီဇွဲလားနိုင်ငံသားများဖြစ်ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံပြိုကျမှုဖြစ်စဉ်ကြောင့် ဆောက်လုပ်ရေးကန်ထရိုက်တာများကို ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ထားသည်။

“ သူတို့မှာ ဆောက်လုပ်ရေး ခွင့်ပြုမိန့်(ပါစမ်) မရှိကြပါဘူး။ ပါမစ်အတုတွေနဲ့သူတို့ဟာ လူနေအိမ်တွေ အဆောက်အအုံတွေကို ဆောက်လုပ်နေကြတာပါ ” ဟု မြို့တော်ဝန်က ဆိုသည်။

ယင်းအဆောက်အုံပြိုကျမှုဖြစ်စဉ်တွင် Cartagena မြို့ရှိ အစိုးရ အရာရှိအချို့အနေဖြင့် အဂတိလိုက်စားမှုများပြုလုပ်ထားခြင်း ရှိမရှိကို သိနိုင်ရန်အတွက် ကိုလံဘီယာနိုင်ငံ ရှေ့နေချုပ်က စုံစမ်းစစ်ဆေးရန် အမှုဖွင့်ထားကြောင်း သိရသည်။ (Xinhua)