Connect with us

Latin America

ဆန္ဒပြပွဲများ အဆုံးသတ်စေရန်အတွက် တွေ့ဆုံဆွေးနွေးကြရန် ဗင်နီဇွဲလာ ရှေ့နေချုပ်တောင်းဆို


ကာရာကက်စ် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ ရှေ့နေချုပ် Luisa Ortega Diaz က လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရပြီဖြစ်သည့် နိုင်ငံတွင်းဖြစ်ပွားနေသော ဆန္ဒပြပွဲများအဆုံးသတ်စေရန်အတွက် အစိုးရ နှင့် အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို ပြန်လည်စတင်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။

“ တရားဥပဒေစိုးမိုးရေးကို အကာအကွယ်ပေးဖို့အတွက် ဒီမိုကရေစီ နဲ့ အဖွဲ့အစည်းဆိုင်ရာ ခွင့်ပြုချက်တွေကို သဘောတူညီမှုပေးနိုင်မယ့် လုပ်ငန်းစဉ်တစ်ခုကို တည်ဆောက်သွားဖို့၊ ဆုံးဖြတ်ချက်ချပေးနိုင်မယ့်အာဏာရှိသူတွေနဲ့တရားဝင်စေ့စပ်ညှိနှိုင်းပေးသူတွေအကြား ဆွေးနွေးပွဲတွေ ပြန်စဖို့လိုပါတယ်” ဟု ဆန္ဒပြပွဲနှင့်ပတ်သက်၍ ထုတ်ပြန်သော အစီရင်ခံစာထဲတွင် Ortega Diaz က ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံ၌ အစိုးရအား ဆန့်ကျင်သော ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်(ဆင်ဟွာ)

နိုင်ငံအတွင်းရှိ ပြည်နယ် ၆ ခုမှလွဲ၍ အဓိကပြည်နယ်များတွင် ဧပြီလ ၁ ရက်နေ့ကတည်းက ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိကြောင်း Ortega က ဆိုသည်။ အဆိုပါ ဆန္ဒပြပွဲများကြောင့် ဗင်နီဇွဲလား နိုင်ငံသား ၂၆ ဦးသေဆုံးခဲ့ရပြီဖြစ်ကြောင်း ၊ ၎င်းတို့အနက် ဆယ်ကျော်သက်အရွယ် ၄ ယောက် နှင့် လူကြီး ၂၂ ယောက်ပါဝင်ကြောင်း ရှေ့နေချုပ်က ဆိုသည်။

ဧပြီလအတွင်း ထိခိုက်ဒဏ်ရာရသူပေါင်း ၄၃၇ ဦး ၊ အဖမ်းခံရသူပေါင်း ၁၂၈၉ ဦး ၊ အကျဉ်းချခံရသူ ၆၅ ဦး နှင့် ဧပြီလ ၂၅ ရက်တွင် တရားစွဲခံရသူ ၂၁၇ ဦးထိ အသီးသီးရှိခဲ့ကြောင်း Ortega က ပြောသည်။

တွေ့ဆုံဆွေးနွေးရေးအတွက် နှစ်ဖက်ခေါင်းဆောင်များအား Ortega က “ ထိပ်တိုက်တွေ့ဆုံမှုကို လျှော့ချပြီး အပြန်အလှန်ဆွေးနွေးမှုကို မြှင့်တင်ရန်”တိုက်တွန်းပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံသည် လူမှု-စီးပွား ရှုပ်ထွေးမှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၊ ပြည်သူပိုင် နှင့် ပုဂ္ဂလိက ပိုင်ပစ္စည်းများအား ဖျက်ဆီးခြင်းကို အားမပေးကြောင်း နှင့် အမုန်းတရားကို တွန်းအားပေးသည့် ကိစ္စရပ်များကို လက်မခံကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.