Connect with us

Latin America

ကိုလံဘီယာ နိုင်ငံ သမ္မတ သစ် ရာထူး စတင် ထမ်းဆောင်ရန် အတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပ

ကိုလံဘီယာ နိုင်ငံ သမ္မတ သစ် Ivan Duque အား သြဂုတ်လ ၇ ရက် တွင် ကျင်းပ ပြုလုပ်သည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ သမ္မတ သစ် Ivan Duque က သြဂုတ်လ ၇ ရက် တွင် ဘိုဂိုတာ မြို့လယ်ရှိ Bolívar ရင်ပြင် ၌ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး ၄ နှစ်တာ သမ္မတ ရာထူး သက်တမ်း အား စတင် ထမ်းဆောင် ခဲ့သည်။

Ivan Duque က ကျမ်းသစ္စာ ကျိမ်ဆိုပွဲ တွင် အစိုးရ အဖွဲ့သစ် အနေဖြင့် အတူတကွ နိုင်ငံတော်အား တည်ဆောက်ခြင်း ၊ အနာဂတ် ဖော်ဆောင်ခြင်း နှင့် စည်းလုံးညီညွှတ်စွာ ဖြင့် လုံခြုံသည့် နိုင်ငံတော် ကြီးအား အဓိက အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ နှင့် အခြား နိုင်ငံများ နှင့် ပူးပေါင်း၍ ကိုလံဘီယာ အကြီးဆုံး အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်း နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မိမိ တို့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အား တွန်းအားပေး ဆောင်ရွက်လိုပြီး ဦးစွာ အနေဖြင့် ကိုလံဘီယာ နိုင်ငံ ပြည်သူလူထု တို့မှ မည်သည့် ခြိမ်းခြောက်တိုက်ခိုက်မှု မရှိရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ကိုလံဘီယာ နိုင်ငံ သမ္မတ သစ် Ivan Duque က လက်ရှိချိန်တွင် အသက် ၄၂ နှစ်ရှိပြီး ကိုလံဘီယာ နိုင်ငံ Sergio Alvarado တက္ကသိုလ် မှ ဘွဲ့ရ ခဲ့ကာ American University နှင့် Georgetown University တို့မှ မဟာဘွဲ့ ရရှိထားသူ တစ်ဦး ဖြစ်သည်။

ယခု နှစ် ဇွန်လ ၁၇ ရက် ၌ ထပ်မံကျင်းပ ပြုလုပ်ခဲ့သည့် ကိုလံဘီယာ နိုင်ငံ သမ္မတ ရွေးကောက်ပွဲ တွင် Ivan Duque က ထောက်ခံမဲ ၅၃.၉၈ ရာခိုင်နှုန်းဖြင့် ပြိုင်ဖက် သမ္မတ ရွေးကောက်ခံ ကိုယ်စားလှယ် အား အနိုင်ရရှိ၍ သမ္မတ အဖြစ် ရွေးကောက် ခံခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.