Connect with us

Latin America

ကျူးဘားခေါင်းဆောင် ရာအူးလ်ကက်စရိုက မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ကျူးဘားခေါင်းဆောင် ရာအူးလ်ကက်စရို အားတွေ့ ရစဉ်(ဆင်ဟွာ)

ဟာဗားနား ၊ ဇူလိုင်း ၆ ရက်(ဆင်ဟွာ)

ကျူးဘားနိုင်ငံ ကွန်မြူနစ်ပါတီ(RCC) ၏ ပထမအတွင်းရေးမှူး ရာအူးလ်ကက်စရိုသည် မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးအား ဇူလိုင် ၅ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ကျူးဘားနိုင်ငံပိုင်ရုပ်သံက ကက်စရို နှင့် မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ(WPK) ဒုတိယဥက္ကဋ္ဌ နှင့် နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူး Ri Su Yong တို့ဟာဗားနားမြို့၌ တွေ့ဆုံပုံကို ထုတ်လွှင့်ခဲ့ပြီး နှစ်နိုင်ငံ အစိုးရ နှင့် ပြည်သူအကြား ၊ နှစ်ဖက်ပါတီအကြား ဆက်ဆံရေးများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် Ri က မြောက်ကိုရီးယားအလုပ်သမားပါတီဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်ထံမှ ပေးပို့လာသော စာတစ်စောင်ကို ကက်စရို အားပေးအပ်ခဲ့သည်။Ri သည် ဇူလိုင် ၉ ရက်အထိ ကျူးဘားနိုင်ငံမြို့တော် ဟာဗားနား၌ နေထိုင်သွားရန် ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ကျူဘားအစိုးရအဖွဲ့အဆင့်မြင့်အရာရှိများနှင့်ဆွေးနွေးသွားရန် ရှိကြောင်း သတင်းက ဆိုသည်။(Xinhua)