Connect with us

Latin America

ချီလီ နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွား လိုကြောင်း ပြောကြား

ချီလီ နိုင်ငံ တွင် အသစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် သမ္မတ Sebastián Piñera အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆန်တီယာကို ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ချီလီ နိုင်ငံ တွင် အသစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် သမ္မတ Sebastián Piñera က ဒီဇင်ဘာ ၁၈ ရက်နေ့၌ တရုတ် နိုင်ငံ နှင့် ရင်းနှီးမြှုပ်နှံမှု ၊ နည်ပညာ နှင့် အခြေခံအဆောက်အဦ တည်ဆောက်ရေး စသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

Piñera က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် တရုတ် နိုင်ငံ သည် ချီလီ နိုင်ငံ ၏ အကြီးဆုံးသော ကုန်သွယ်ဘက် မိတ်ဆွေ နိုင်ငံ ဖြစ်ပြီး တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ကို တိုးမြှင့်သွား လိုကြောင်း ၊ ကုန်သွယ်ရေး တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ကြီးမား နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားလိုကြောင်း ၊ မိမိ အနေဖြင့် ချီလီ-တရုတ် အနာဂတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ပတ်သက်၍ လွန်စွာအကောင်းမြင်ပြီး မျှော်လင့်ချက် ကြီးမားစွာ ထားရှိထားကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Piñera က ချီလီ နိုင်ငံ သည် တရုတ် နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး ဦးဆုံး တည်ဆောက်သည့် လက်တင် အမေရိကတိုက်ရှိ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး တရုတ် နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ်သို့ ဝင်ရောက်ပြီးနောက် ပထမဦးဆုံး တရုတ် နိုင်ငံ နှင့် နှစ်နိုင်ငံ သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သည့် နိုင်ငံ ဖြစ်ကြောင်း ၊ ချီလီ နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့မှာ ကာလတစ်လျှောက် ကောင်းမွန်သည့် ဆက်ဆံရေး ကို ထိန်းသိမ်း ထားနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် အသက် ၆၈ နှစ်ရှိပြီး ဖြစ်သည့် Sebastián Piñera သည် မူလရွေးကောက်ပွဲ နေ့၌ မဲအပြတ် အနိုင်ရရှိသူ မရှိသဖြင့် ဒီဇင်ဘာ ၁၇ ရက်နေ့၌ ထပ်မံ ကျင်းပ ပြုလုပ်ခဲ့သည့် ဒုတိယ အကြိမ်မြောက် ချီလီ နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး လာမည့်နှစ် မတ်လ ၁၁ ရက်နေ့ တွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းယင် က ဒီဇင်ဘာ ၁၈ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် Sebastián Piñera မှ ချီလီ နိုင်ငံ သမ္မတ အဖြစ်ရွေးချယ်ခံခြင်း နှင့် ပတ်သက်၍ ဝမ်းမြောက် ဂုဏ်ပြုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.