Connect with us

Latin America

ဆေးလိပ်အနည်းငယ်သောက်သုံးရုံဖြင့် ဆောလျင်စွာ အသက်သေဆုံးနိုင်ခြေ ရှိကြောင်း လေ့လာတွေ့ရှိ

ဆေးလိပ်သောက်သုံးသူတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဒီဇင်ဘာ ၆ရက် (ဆင်ဟွာ)

နေ့စဉ်ပုံမှန် ဆေးလိပ် ၁၀လိပ် နှင့်အောက် သောက်သုံးသူများသည် ဆေးလိပ်လုံးဝမသောက်သူတစ်ဦးချင်းစီ ထက် ဆောလျင်စွာ အသက်သေဆုံးနိုင်ခြေ ရှိကြောင်း အမေရိကန်လေ့လာတွေ့ရှိမှုအသစ်တစ်ရပ် က ဒီဇင်ဘာ ၆ရက်တွင်ဖော်ပြခဲ့သည်။

ဆေးလိပ်အနည်းငယ်သောက်သုံးခြင်းကြောင့် လူ့သက်တမ်းတိုလာခြင်းအကျိုးဆက်များအား ပိုမိုနားလည်နိုင်စေရန် သုတေသီများက အရွယ်ရောက်ပြီးသူ ၂၉၀,၀၀၀ဦးအား ၂၀၀၄ခုနှစ်မှ ၂၀၀၅ခုနှစ်အတွင်း ၎င်းတို့၏ ဆေးလိပ်သောက်သုံးမှုပုံစံများကို မေးမြန်းခဲ့ကြောင်းသိရသည်။

လေ့လာမှု အစ၌ မေးမြန်းခဲ့သည့် အရွယ်ရောက်ပြီးသူများသည် အသက် ၅၉နှစ်အရွယ်မှ အသက်၈၂နှစ်အရွယ်များဖြစ်ပြီး ၎င်းတို့အနက် ၂၂,၀၀၀ကျော်သည် လက်ရှိဆေးလိပ်သောက်သုံးနေသူများ နှင့် ၁၅၆,၀၀၀ကျော်သည် ယခင်ဆေးလိပ်သောက်သုံးခဲ့သူများဖြစ်ကာ ကျန် ၁၁၁,၀၀၀ကျော်သည် ဆေးလိပ်လုံးဝမသောက်သူများဖြစ်ကြောင်း သိရသည်။

လေ့လာတွေ့ရှိချက်အရ နေ့စဉ် ပျမ်းမျှ ဆေးလိပ် တစ်လိပ်နှင့်အောက်သောက်သုံးသူများသည် ဆေးလိပ်လုံးဝမသောက်သူများထက် ၆၄ရာခိုင်နှုန်း အသက်တိုနိုင်ခြေရှိပြီး နေ့စဉ် ပျမ်းမျှ ဆေးလိပ် တစ်လိပ်မှ ၁၀လိပ်အတွင်း သောက်သုံးသူများသည် ဆေးလိပ်လုံးဝမသောက်သူများထက် ၈၇ရာခိုင်နှုန်း ပို၍ အသက်တိုနိုင်ကြောင်း သိရှိရသည်။

လက်ရှိ ဆေးလိပ်သောက်သုံးသူများ ၏ အသက်သေဆုံးနိုင်ခြေသည် ဆေးလိပ်ဖြတ်ပြီးသူများ ထက် ပိုမိုမြင့်တက်နေပြီး ဆေးလိပ်အား ငယ်စဉ်က ဖြတ်ခဲ့သူများက အသက်သေဆုံးနိုင်ခြေ ပိုမို လျော့ကျနိုင်ကြောင်း သိရသည်။

အဆိုပါ လေ့လာတွေ့ရှိချက်အား JAMA Internal Medicine အမေရိကန်ဂျာနယ် တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.