Connect with us

Latin America

ပျောက်ဆုံးသွားသော ချီလီလေတပ်လေယာဉ်ဟု ယူဆရသည့် လေယာဉ်အပိုင်းအစများ ပင်လယ်ပြင်တွင် တွေ့ရှိရ

ချီလီလေတပ် C-130 လေယာဉ်ဟုယူဆရသည့် လေယာဉ်အပိုင်းအစတစ်ခုအား ဒီဇင်ဘာ ၁၁ ရက် ပင်လယ်ပြင်တွင် တွေ့ရှိရစဉ် (ဆင်ဟွာ)

ဆန်တီရာဂို၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ဒီဇင်ဘာ ၉ ရက်က ပျောက်ဆုံးသွားသည့် ချီလီလေတပ်လေယာဉ် C-130 ဟုယူဆသည့် လေယာဉ်အပိုင်းအစများကို  ရှာဖွေကယ်ဆယ်ရေးသမားများက ပင်လယ်ပြင်တွင် တွေ့ရှိရသည်ဟု ချီလီနိုင်ငံ လေတပ်နှင့် ဘရာဇီးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးသွားသောလေယာဉ်၏နောက်ဆုံး သတင်းပေးသည့် နေရာ တောင်ဘက် ၃၀ ကီလိုမီတာ အကွာ ပင်လယ်ပြင်တွင် C-130 ၏ လေယာဉ်တိုင်ကီ ဟုယူဆရသည့် အရာဝတ္တုတစ်ခုကို တွေ့ရှိရကြောင်း ချီလီလေတပ်က ပြောကြားခဲ့သည်။ ၎င်းအရာဝတ္တုမှာ ပျောက်ဆုံးသွားသည့် လေယာဉ် အပိုင်းအစ ဟုတ်မဟုတ်ကို  သက်ဆိုင်ရာမှ ဆယ်ယူ၍ ကျွမ်းကျင်သည့်စမ်းသပ်မှုများပြုလုပ်နေကြောင်း သိရသည်။ 

ဘရာဇီးကာကွယ်ရေးဝန်ကြီးဌာနက  ဘရာဇီး Maximiano ဝင်ရိုးစွန်းလေ့လာရေးသင်္ဘောသည် ဒီဇင်ဘာ ၁၁ ရက် က အာဂျင်တီးနားနိုင်ငံ Ushuaia၏ ၅၁၈ ကီလိုမီတာတွင် ချီလီလေတပ်လေယာဉ် C-130၏ အပိုင်းအစများနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို တွေ့ရှိရ ကြောင်း ဆိုသည်။

လက်ရှိတွင် ချီလီ လေတပ်၊ ရေတပ်နှင့် အခြားနိုင်ငံများ ကူညီကယ်ဆယ်ရေးသမားပါဝင်သော လူ စုစုပေါင်း ၆၄၀က ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေကြောင်း  ချီလီလေတပ်ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

လူပေါင်း ၃၈ ဦးပါဝင်သည့် ချီလီလေတပ်လေယာဉ် C-130သည် ဒီဇင်ဘာ ၉ ရက်က Punta Arenas မြို့မှ အန္တာတိကတိုက်သို့ ပျံသန်းစဉ်လမ်းခုလတ်တွင်  အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း သိရ သည်။ ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ချီလီလေတပ်က အဆိုပါလေယာဉ် မတော်တမှုဖြစ်ပွား ခဲ့ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.