Connect with us

Latin America

အာဂျင်တီးနားနိုင်ငံ သမ္မတသစ်အဖြစ် အယ်လ်ဘတ်တို ဖာနန်ဒီဇ် ကျမ်းသစ္စာကျိန်ဆို

အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့တွင် အယ်လ်ဘတ်တို ဖာနန်ဒီဇ်၏ သမ္မသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူရိုအေးရိစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

Everyone’s Front မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှ အယ်လ်ဘတ်တို ဖာနန်ဒီဇ် (Alberto Fernandez) သည် ဒီဇင်ဘာ ၁၀ ရက်တွင် အမျိုးသားကွန်ဂရက်၌  အာဂျင်တီးနားနိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

သမ္မတသစ်အဖြစ် ပထမဆုံးပြောကြားသည့် မိန့်ခွန်း၌ ဖာနန်ဒီဇ်က အာဂျင်တီးနားနိုင်ငံအား အခက်အခဲ ကြုံတွေ့နေရသော စီးပွားရေး အကျပ်အတည်းမှ ဆွဲတင်ရာတွင် ကူညီရေးအတွက် စည်းလုံးညီညွတ်မှုရှိရန်နှင့် တစ်ချိန်တည်းမှာပင် အခွင့်ထူးခံ လျှော့ချရေး လိုအပ်ချက်များကို အာရုံစိုက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

အသက် ၆၀ နှစ်အရွယ် ဖာနန်ဒီဇ်သည် အာဂျင်တီးနား သမ္မတဟောင်း မော်ရီစီယို မက်ခရီ (Mauricio Macri) ထံမှ တာဝန်လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။

လက်တင်အမေရိကတွင် ဘရာဇီးနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံပြီးလျှင် တတိယအကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် အာဂျင်တီးနားသည် လက်ရှိတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) ထံမှ ချေးငွေ ဒေါ်လာ ၆၀ ဘီလီယံနီးပါး တင်ရှိနေသောကြောင့် ငွေရေးကြေးရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့တွင် အယ်လ်ဘတ်တို ဖာနန်ဒီဇ်၏ သမ္မသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့တွင် အယ်လ်ဘတ်တို ဖာနန်ဒီဇ်၏ သမ္မသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့တွင် အယ်လ်ဘတ်တို ဖာနန်ဒီဇ်၏ သမ္မသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့တွင် အယ်လ်ဘတ်တို ဖာနန်ဒီဇ်၏ သမ္မသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့တွင် အယ်လ်ဘတ်တို ဖာနန်ဒီဇ်၏ သမ္မသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့တွင် အယ်လ်ဘတ်တို ဖာနန်ဒီဇ်၏ သမ္မသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

IMF ၏ ခန့်မှန်းချက်အရ အာဂျင်တီးနားသည် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း၊ အလုပ်လက်မဲ့ရာခိုင်နှုန်းမှာ ၁၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၃၅ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးရှိနိုင်ကြောင်း သိရသည်။

“စားစရာမရှိရင် ဒီမိုကရေစီ ဒါမှမဟုတ် လွတ်လပ်မှု ဘာမှရှိမှာမဟုတ်ဘူး” ဟု ဖာနန်ဒီဇ်က ပြောခဲ့ပြီး ၎င်းတို့ အစိုးရ၏ ပထမဆုံး လုပ်ဆောင်မှုအဖြစ် အာဂျင်တီးနားနိုင်ငံ၏ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး ဘက်စုံအစီအစဉ်ကို ကြေညာသွားမည်ဟု ဆိုသည်။

ဖာနန်ဒီဇ်က ၎င်းတို့အစိုးရအနေဖြင့် စီးပွားရေးပြန်လည်စတင်နိုင်ရန် IMF ချေးငွေကာလကို ပြန်လည်ညှိနှိုင်းရန် စီစဉ်ထားကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.