Connect with us

Latin America

ဘရာဇီးနိုင်ငံအမေဇုန်တော၌ လောင်ကျွမ်းနေသည့် တောမီးကို ငြှိမ်းသတ်ရန် စစ်ဘက်လေယာဉ်များစေလွှတ်

ဘရာဇီးနိုင်ငံ အမေဇုန်တော၌ တောမီးလောင်ကျွမ်းနေစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံက အမေဇုန်မုတ်သုံသစ်တော၌ လောင်ကျွမ်းနေသည့် တောမီးကိုငြှိမ်းသတ်ရန် စစ်ဘက်လေယာဉ်များကို စေလွှတ်ထားပြီးဖြစ်ကြောင်း ဘရာဇီးကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

သြဂုတ် ၂၅ ရက်က ဝန်ကြီးဌာန၏ တွစ်တာလူမှုကွန်ရက်ပေါ်၌ တင်ထားသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုတွင် C-130 ဟာကျူလီ လေယာဉ် ၂ စင်းမှာ Rondonia ပြည်နယ် Porto Velho မြို့မှ စတင်ထွက်ခွာလာပုံကို ရိုက်ကူးထားပြီး ယင်းလေယာဉ် နှစ်စင်းသည် အမေဇုန်မုတ်သုံသစ်တောပေါ်ဖြတ်ကျော်ပျံသန်း၍ ရေများဖြန်းချကာ တောမီးငြှိမ်းသတ်နေပုံကို တင်ဆက်ထားသည်။

ဘရာဇီးနိုင်ငံသမ္မတ Jair Bolsonaro က သတင်းသမားများအား သြဂုတ် ၂၅ ရက်တွင် ပြောကြားရာ၌ ဒေသတွင်းမီးကူးစက်လောင်ကျွမ်းမှုကို ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်ဖွယ်ကိစ္စရပ်တစ်ခုအဖြစ် အလွန်အကျူးပြောဆိုနေကြကြောင်း ၊ ယခုအခါ အမေဇုန်မုတ်သုံသစ်တောမီးလောင်မှုသည် လူများပြောဆိုနေသကဲ့သို့ထိန်းမနိုင်သိမ်းမရ မီးလောင်ကျွမ်းနေမှုမျိုးမဟုတ်ကြောင်း ဆိုခဲ့သည်။

မီးအကြီးအကျယ်လောင်ကျွမ်းနေမှုကို ငြှိမ်းသတ်ရန် သြဂုတ် ၂၃ ရက်တွင် သမ္မတက စစ်တပ်အားအမိန့်ပေးခဲ့ပြီး ယင်းဒေသသို့တပ်ဖွဲ့ဝင် ၄ဝ,ဝဝဝ ကျော်စေလွှတ်ခဲ့သည်။ သုသေတနအဖွဲ့အစည်းများ နှင့် သတင်းမီဒီယာများက ပူပြင်းခြောက်သွေ့သော ရာသီဥတု နှင့် လူတို့၏ ပြုမူဆောင်ရွက်မှုများသည် စံချိန်တင်ပမာဏ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ရသည့် အဓိကအကြောင်းချင်းရာ ဖြစ်ကြောင်း ဆိုခဲ့သည်။

ဘရာဇီးနိုင်ငံသည် အမေဇုန်မုတ်သုံသစ်တော၏ ၆ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ယင်းမှာ တောင်အမေရိကတိုက်တွင် သစ်တောမြေအကျယ်အဝန်း ၅,၅ဝဝ,ဝဝဝ စတုရန်းကီလိုမီတာကို ဖုံးအုပ်ထားခြင်းဖြစ်သည်။ သိပ္ပံပညာရှင်များ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများက မီးလောင်ကျွမ်းမှုကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအကျပ်အတည်း နှင့် ဇီဝမျိုးကွဲများပျက်သုန်းခြင်း ခြိမ်းခြောက်မှုအခြေအနေမျိုး ကြုံတွေ့မည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.