Connect with us

Latin America

အမေဇုံတောမီးအရေး ဘရာဇီးနှင့် ကိုလံဘီယာ နှစ်နိုင်ငံ ပူးတွဲအစီအစဉ် ဆွေးနွေး

အမေဇုံတောမီး လောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီယာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် အမေဇုံမုတ်သုံသစ်တောနှင့် သဘာဝအရင်းအမြစ်များအတွင်း “ကျွန်ုပ်တို့၏ အချုပ်အခြာအား အာမခံရန်” ပူးတွဲအစီအစဉ်တစ်ခုအကြောင်း ကိုလံဘီယာနိုင်ငံ သမ္မတနှင့် ပြောဆိုခဲ့ကြသည်။

ကမ္ဘာ့အဆုတ်များအဖြစ်စဉ်းစားခဲ့ကြသည့် အမေဇုံသစ်တောသည် ဘရာဇီးနိုင်ငံတွင် အများဆုံး တည်ရှိသော်လည်း သစ်တောအစိတ်အပိုင်းများက ကိုလံဘီယာ၊ ပီရူး၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလီးဗီးယားနှင့် အခြား တောင်အမေရိက နိုင်ငံများတွင်လည်း ပျံ့နှံ့တည်ရှိလျက်ရှိသည်။

“ကိုလံဘီယာ သမ္မတ အီဗန် ဒူကွီ (Ivan Duque) နဲ့ စကားပြောတဲ့အခါ အမေဇုံကပေါင်းစည်းပေးထားတဲ့ နိုင်ငံအများစုအကြား ပူးတွဲအစီအစဉ်တစ်ခုရှိဖို့ လိုအပ်တဲ့အကြောင်း ပြောခဲ့တယ်” ဟု ဘိုဆိုနာရိုက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် အမေဇုံနှင့် ဘရာဇီးနိုင်ငံတို့၏ ကတိကဝတ်အား အမေဇုံသစ်တော အစိတ်အပိုင်း အတော်များများ ပျက်စီးသွားစေခဲ့သည့် တောမီးကြောင့် အလေးထားလာစေခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြင်သစ်နိုင်ငံ ဘီရာရစ်ဇ်မြို့တွင် ပြုလုပ်ခဲ့သည့် G7 အစည်းအဝေးအတွင်း ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က အမေဇုံတောမီး ငြှိမ်းသတ်ရာတွင် ပါဝင်ကြရန် အဆိုပြုခဲ့သည်။

ယခုနှစ်အတွင်း ဘရာဇီးနိုင်ငံတွင် မီးလောင်မှု ၇၄,၁၅၅ ခု ဖြစ်ပွားခဲ့သည့်အနက် ထက်ဝက်ကျော်မှာ အမေဇုံ သစ်တော၌ ဖြစ်ပွားခဲ့ကာ ၂၀၁၈ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၄ ရာခိုင်နှုန်း တိုးလာကြောင်း ယင်းဒေသအား ဂြိုဟ်တုမှတစ်ဆင့် စောင့်ကြည့်နေသည့် အမျိုးသား အာကာသသုတေသနအဖွဲ့ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.