Connect with us

Latin America

ဘရားဇီးတွင် ရထားအချင်းချင်း တိုက်မိ၍ ရထားမောင်းသူ သေဆုံး၊ ၈ဦးဒဏ်ရာရရှိ

ဘရားဇီးတွင် ရပ်ထားသော ရထားအား အခြားရထားတစ်စင်းက နောက်မှ ဝင်တိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ တွင် ဖေဖော်ဝါရီ ၂၇ ရက်က ရထား ၂စင်း တိုက်မိခဲ့ရာ ရထားမောင်းသူ တစ်ဦး သေဆုံးပြီး အခြားလူ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။

ရီယိုဒီဂျနေးရိုးမြို့လယ်ခေါင် အနီးရှိ Sao Cristovao ဘူတာရုံအနီးရပ်တန့်ထားသော ရထားတစ်စင်းကို အခြားရထားတစ်စင်းက နောက်မှဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပို့ဆောင်ရေး အာဏာပိုင်များ၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူအများစုမှာ ဒဏ်ရာအသေးစားများသာ ရရှိခဲ့ကြောင်း၊ သို့သော် ရထားမောင်းသူမှာ အပျက်အစီးများအကြား ညပ်သွားခဲ့ကြောင်း၊ ၎င်းအား ဆွဲထုတ်ရန် မီးသတ်ဝန်ထမ်း အယောက် ၃၀ဖြင့် အချိန် ၇နာရီကြာ ဆောင်ရွက်ခဲ့ရကြောင်း၊ ကံမကောင်းစွာပင် ၎င်းအား ရှေးဦးသူနာပြုနည်းဖြင့် ကုသပေးနေစဉ် နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၈ဦးအနက် တစ်ဦးသာ ဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး အခြားလူများမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ရီယိုရထားအော်ပရေတာ SuperVia က ယင်းမတော်တဆမှုအား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.