Connect with us

Latin America

ဘိုလီးဗီးယား၌ နယ်ချဲ့ဝါဒဆန့်ကျင်ရေးကျောင်း ဖွင့်လှစ်မည်

၁၂၃ ကြိမ်မြောက် ဘိုလီးဗီးယား စစ်ပညာသင် ကောလိပ် ကျောင်းဆင်းပွဲတွင် သမ္မတ Evo Morales အား တွေ့ရစဉ် (ဆင်ဟွာ)

လပတ်ဇ် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ သမ္မတ Evo Morales က နိုင်ငံ၏ စစ်တပ်အတွင်း၌ နယ်ချဲ့ဆန့်ကျင်ရေး သဘောတရားများကို သင်ကြားပေးမည့် “ နယ်ချဲ့ဝါဒ ဆန့်ကျင်ရေး ကျောင်း” ကို ဘိုလီးဗီးယား အလံတော်နေ့ကျင်းပမည့် သြဂုတ်လ ၁၇ ရက်တွင် ဖွင့်လှစ်သွားမည်ဟု ဇူလိုင်လ ၁၁ ရက်က ထုတ်ဖော် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသည် နိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်များ အတွက် အလွန်အရေးပါကြောင်း နှင့် ၎င်းကျောင်းတော်ကြီးတွင် စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေး ၊ ယဉ်ကျေးမှု နှင့် လွတ်လပ်ခြင်းဆိုင်ရာ သဘောတရားများကို သင်ကြားပေးမည်ဟု ဆိုသည်။
“ နိုင်ငံတိုင်းမှာ ပြိုင်ဖက်ကင်းတဲ့ ကိုယ်ပိုင် ဗီဇတွေ အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။ အဲဒါကိုယ်ပိုင် ဟန်ပန်တွေကို ပြန်လည် ဖော်ကျူးပေးနိုင်အောင် အယူအဆ တွေကို သင်ပေးမယ့် ဒီလိုကျောင်းတွေ တည်ထောင်ပေးရမှာက ကျနော်တို့တာဝန်ပေါ့ ” ဟု ဘိုလီးဗီးယားသမ္မတ က ဆိုသည်။ ထိုကဲ့သို့စာသင်ကျောင်းများသည် ဒေသတွင်းပြည်သူများ၏ အတိတ်ပုံရိပ်များကို ပြန်လည် တူးဆွနိုင်အောင် အကူအညီ ပေးနိုင်လိမ့်မည်ဟု ၎င်း က ဆက်ပြောသည်။
အဆိုပါ နယ်ချဲ့ဝါဒ ဆန့်ကျင်ရေးကျောင်း ကို ဘိုလီးဗီးယားနိုင်ငံ အရှေ့ပိုင်း Santa Cruz မြို့၌ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ယခင်ဘိုလီးဗီးယား သမ္မတ (ဟောင်း) Juan Jose Torres ကို ဂုဏ်ပြုသော အားဖြင့် ၎င်း၏ အမည်ကို အသုံးပြုသွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.