Connect with us

Latin America

အီကွေဒေါ၌ အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ်

အီကွေဒေါ အနောက်မြောက် ကမ်းခြေရှိ ငလျင် လှုပ်ခတ်သွားသောနေရာပြ မြေပုံအား တွေ့စဉ် (ဓာတ်ပုံ-အင်တာနက်)

ကွီတို ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်မြောက် ကမ်းခြေ၌ ဇူလိုင်လ ၁ဝရက် ညပိုင်းက အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ်သွားကြောင်း ၊ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် အသေအပျောက် ရှိ/မရှိ ကို ချက်ခြင်း သတင်း ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း အာဏာပိုင်များက ပြောကြားသည်။

Esmeraldas ပြည်နယ် ကမ်းခြေရှိ Muisne မြို့၌ ဒေသစံတော်ချိန် ည ၉ နာရီတွင် မြေပြင်အောက် ၈.၇ ကီလိုမီတာ အကွာတွင် ဗဟိုပြု၍ ပြင်းအား ၅.၉ အဆင့် ပထမ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း အီကွေဒေါ ပထဝီဝင် သိပ္ပံက ပြောကြားသည်။
နောက် ၁ဝ မိနစ်ခန့်အကြာတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ ငလျင်လှုပ်ခတ်မှုကို အီကွေဒေါနိုင်ငံ ကွီတိုမြို့၌ နေထိုင်သူများပင် ခံစားခဲ့ရကြောင်း သိရသည်။
“ Muisne မြို့ကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် နှစ်ခု လှုပ်ခတ်သွားပါတယ်။ Esmeraldas ပြည်နယ်တွင်းက ပြည်သူ အားလုံးကို ငြိမ်ငြိမ်သက်သက် ရှိကြဖို့အသိပေးထားပါတယ်။ ဆူနာမီ သတင်းပေးမှုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး ” ဟု အီကွေဒေါနိုင်ငံ သမ္မတ Rafael Correa က ပြောသည်။
၂ဝ၁၆ ခုနှစ် ဧပြီလ လယ်ပိုင်းတွင် Esmeraldas ကမ်းရိုးတန်းမြို့၏ တောင်ဖက် ၄ဝ ကီလိုမီတာ အကွာ၌ ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၆၅ဝ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့ အိမ့်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် မေလတွင် အီကွေဒေါနိုင်ငံ အနောက်ဖက် ကမ်းခြေ၌ ပြင်းအား ၆.၇ နှင့် ၆.၈ ငလျင် နှစ်ကြိမ် လှုပ်ခတ်မှုကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.